ရွှေခဲရွာမှ သေဆုံးအလောင်းကို ကြို့ပင်ကောက်မြို့ကနေ ထန်းပင်ကုန်း လှေဆိပ်ထိလိုက်ပို့ အလောင်း ရွာထိရောက်ဖို့ စက်လှေနှင့်သယ်ခဲ့ရ
မိုးတွင်းကာလ ပြည်သူ့ဒုက္ခ
Tharyarwaddy 8 City/စက်တင်ဘာ ၃၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင် ရှစ်မြို့နယ်ထဲ ကြို့ပင်ကောက်မြို့နယ်တွင် သေဆုံးသည့် အလောင်းကို မင်းလှမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာ လှေဆိပ်အထိ လူမှုကူညီရေးအသင်းတစ်ခုက ပို့ဆောင်ပေးခဲ့သည်။
ထိုဖြစ်စဉ်သည်ဩဂုတ်လ ၁၃ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိုးတွင်းကာလဖြစ်သည့်အတွက် အလောင်းကို မင်းလှမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာ တံတားအနီးရှိ စက်လှေဆိပ်သို့ ကြို့ပင်ကောက်မြို့မှ သယ်ဆောင်ခဲ့ရသည်။
ထိုမှတစ်ဆင့် စက်လှေဖြင့် ရွှေခဲကျေးရွာသို့ ပို့ဆောင်ပေးခဲ့ရခြင်းဖြစ်သည်။ မိုးတွင်းကာလတွင်လဲ ပြည်သူလူထုသည် ခက်ခဲစွာဖြတ်သန်းနေရပြီး ဒုက္ခမြို့စုံနှင့် ကြုံတွေ့နေသည်ကတော့ အာဏာသိမ်းမှုမှ စခဲ့ခြင်းဖြစ်သည်။
သတင်း/လွတ်လပ်ငြိမ်း
စာတည်း/ခန့်စိုး
#ရွှေခဲ # ထန်းပင်ကုန်း #လှေဆိပ် #စက်လှေ # သေဆုံးအလောင်း #မင်းလှ #ကြို့ပင်ကောက် #ပြည်တွင်းသတင်း #
#tharyarwaddy8city #t8c
Forwarded fromTharyarwaddy 8 City
September 3, 2026 23