ပေါက်ခေါင်းမှာ စစ်ရှောင် ကလေးတွေအတွက်ဆေးဝါး နဲ့… — Bago Scout Network — TG.ME

ပေါက်ခေါင်းမှာ စစ်ရှောင် ကလေးတွေအတွက်ဆေးဝါး နဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ လိုအပ်နေ
◼️တစ်လကြာတဲ့အထိ စစ်‌တပ်ကတပ်စွဲနေပြီး ကုန်စည်လမ်းကြောင်းတွေ တင်းကျပ်ထား

ဩဂုတ် ၃၁၊ ၂၀၂၆။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ထဲမှာရှိတဲ့ စစ်ရှောင်တွေမှာ ဆေးဝါးနဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေ ဆီက သိရပါတယ်။

ပေါက်ခေါင်းမြို့နယ်ထဲမှာ စစ်တပ်စစ်ကြောင်းက စစ်ကြောင်းထိုးတာ၊ အထိုင်ချတပ်စွဲတာတွေ လက်နက်ကြီး၊ ဒရုန်းတွေအသုံးပြုတိုက်ခိုက်တာတွေ လုပ်နေတဲ့အတွက် ဒေသခံပြည်သူတွေစစ်ဘေးရှောင်နေရတာ တစ်လခန့်ရှိပြီဖြစ်ပြီး ကုန်စည်စီးဆင်းဝယ်ယူရာလမ်းတွေကိုလည်း ပိတ်ဆို့ကာ တင်းတင်းကျပ်ကျပ်စစ်ဆေးနေတဲ့အတွက် ဒေသတွင်းမှာ အရေးကြီးလူသုံးကုန်ပစ္စည်းတွေနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူက ပြောပါတယ်။

"အခုအနေအထားက စစ်သားတွေကကုန်စည်ဆင်းမဲ့လမ်းကြောင်းကို ပိတ်ထားတယ်။ အင်ငါးခွသကြားစက်ပေါက်မှာပိတ်ထားတော့ ဝယ်ဖို့ခြမ်းဖို့တော့အခက်ခဲရှိတယ်။ ပြည်သူတွေစုပေါင်းပြီးချိတ်ဆက်လှူတန်းတာတွေတော့ လုပ်နေတယ်။ လုံလောက်မှုတော့ မရှိသေးဘူး" လို့ စစ်ဘေးရှောင်အရေးကူညီနေသူက ဒို့ပြည် ကိုပြောပါတယ်။

သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid0uNkMMD2NSQsaGpFrG67T8ELYf26RernrWYPuhEGkPv6QQ6saYEMvzFJGTSNf2QAl
Facebook
ဒို့ပြည် - Doh Pyay
ပေါက်ခေါင်းမှာ စစ်ရှောင် ကလေးတွေအတွက်ဆေးဝါး နဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ လိုအပ်နေ ◼️တစ်လကြာတဲ့အထိ စစ်‌တပ်ကတပ်စွဲနေပြီး ကုန်စည်လမ်းကြောင်းတွေ တင်းကျပ်ထား ဩဂုတ် ၃၁၊ ၂၀၂၆။ ပဲခူးတိုင်းအနောက်ခြမ်း၊...
September 1, 2026 52 1