အိမ်ထောင်သည် အသက် ၅၀ အရွယ် ပျူစောထီးက ၈ တန်းကျောင်းသူလေးကို… — Bago Scout Network — TG.ME

⁨အိမ်ထောင်သည် အသက် ၅၀ အရွယ် ပျူစောထီးက ၈ တန်းကျောင်းသူလေးကို ကျောင်းကနေခေါ်သွားပြီး ခိုးယူပေါင်းသင်း

■ သေနတ်နဲ့ လက်ပစ်ဗုံး ကိုင်ဆောင်ခွင့်ရှိသူဖြစ်လို့ အမှုဖွင့်တိုင်ကြားရဲသူ မရှိ

ပေါင်းတည်၊ ဩဂုတ် ၂၂၊ ၂၀၂၆။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်က ပျူစောထီးအဖွဲ့ဝင်တဦးက အလယ်တန်းကျောင်းသူတဦးကို ခိုးယူပေါင်းသင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပေါင်းတည်မြို့နယ် ဘုရားငါးဆူအုပ်စု ဘုရားငါးဆူရွာ ခရေပင်လမ်းက အသက် ၅၀ ခန့်ရှိ ပျူစောထီးအဖွဲ့ဝင် ဝင်းကိုဆိုသူက ရွာထဲက အလယ်ကျောင်းမှာ ပညာသင်ကြားနေတဲ့ အသက် ၁၅ နှစ်ဝန်းကျင် Grade- 9 ကျောင်းသူကို ဩဂုတ်လ ၁၆ ရက်နေ့က ခိုးယူပေါင်းသင်းခဲ့တာလို့ ဆိုပါတယ်။

"ကောင်မလေးကို သူတို့ကျောင်းက ဝါဆိုသင်္ကန်းကပ်တဲ့နေ့က ခေါ်သွားတာလို့ ပြောတယ်။ အိမ်ကနေစီးသွားတဲ့ စက်ဘီးက မြသိန်းတန်ဘုရားနားက ရေတွင်းနားမှာတွေ့လို့ မိဘတွေ အရမ်းစိတ်ပူသွားတာ။ နောက်ရက်ကျမှ ကလေးမလေးက ပြည်မြို့မှာရောက်နေတယ်လို့ ဖုန်းလှမ်းဆက်လို့ ဝင်းကို ခေါ်သွားတာကို သိရတာ။ အရွယ်မရောက်သေးတဲ့ ကလေးအတွက် ရင်လေးစရာပဲ”လို့ ကျောင်းသူလေးရဲ့မိဘတွေနဲ့နီးစပ်သူတဦးက ပြောပါတယ်။

သတင်းအပြည့်အစုံ - https://myaelattathan.com/news/26045/
🔥1
August 23, 2026 170