အာရက္ခပြည် နီရာအနှံ့အပြားတွင် လာမည့် ရက်များအတွင်း မိုးကြီးနိုင်
APM၊ စပ်တမ်ဘာ ၄ / ၂၀၂၆
အာရက္ခပြည် နီရာအနှံ့အပြားတွင် လာမည့် ရက်များအတွင်း၌ မိုးထစ်ချုန်းရွာပြီး မိုးကြီးနိုင်ကြောင်း ဂနိ ညဇာ ၇ နာရီအချိန် မိုးလီဝသဌာန ခန့်မှန်းချက်များအရ သိရသည်။
အာရက္ခပြည် နီရာအနှံ့အပြားတွင် လာမည့်ရက်များအတွင်း မိုးထစ်ချုန်း ရွာပြီး မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း မိုးလီဝသဌာနက ခန့်မှန်းထားသည်။
ယင်းအပြင် အာရက္ခဒေသ၌ မိုးတိမ်တောင်များ ဖြစ် ထွန်းလျက်ဟိပြီး အဆိုပါ မိုးတိမ်တောင်များ ရွိလျားရာ တလျှောက်တွင် မိုးရွာသွန်းခြင်းနန့်တတူ လီပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုန်း ရွာခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီး လက်ခြင်းနန့် မိုးသီးကြွီခြင်းစသည့် မိုးလီဝသဖြစ်စဉ်များလည်းဖြစ်ပေါ်နိုင်ကြောင်း ဆိုသည်။
လက်ဟိ ဘင်္ဂလားပင်လယ်အော် တွင် မုတ်သုံလီ အားအသင့်အတင့် ဟိနီပြီး ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နီသည်။
ယင်းကြောင့် ရက္ခိုင်ကမ်းရိုးတန်းတလျှောက်နန့် အာရက္ခပင်လယ်ပြင်ရို့တွင် မိုးသက် လီပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လီပြင်းကျရောက်နီစဉ် ရီပြင်/မြီပြင်လီမာ တနာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မာ ၇ ပေမှ ၉ ပေခန့် ဟိနိုင်ကြောင်းလည်း မိုးလီဝသဌာနက ဖော်ပြထားသည်။
Photo- မိုးလီ၀သဌာန
4
2
1