နည်းပြ အန်းနရစ်ကို ၂၀၃၀ အထိ PSG စာချုပ်သက်တမ်းတိုး
APM ၊ စပ်တမ်ဘာ ၅ / ၂၀၂၆
နည်းပြချုပ်ဖြစ်သူ လူးဝစ် အန်းနရစ်အား ၂၀၃၀ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးလိုက်ကြောင်း ပြင်သစ်အခြီစိုက် လီဂူးဝမ်းထိပ်သီးကလပ် PSG အသင်းက စပ်တမ်ဘာ ၄ ရက်နိတွင် အတည်ပြု ကြေညာသည်။
PSG အသင်းသည် လာမည့်ဘောလုံးရာသီအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် အသင်း၏ စပိန်လူမျိုး နည်းပြ အန်းနရစ်အား ၂၀၃၀ အထိ ၃ နှစ် စာချုပ် သက်တမ်းတိုးလိုက်ခြင်းဖြစ်သည်။
ဘာစီလိုနာနန့် စပိန်အသင်းကို နည်းပြခဖူးသည့် အန်းနရစ်သည် ပြီးခသည့် ၂၀၂၃ ခုနှစ်တွင် PSG သို့ ရောက်ဟိလာပြီး ကလပ်အသင်းအတွက် ပထမဆုံးသော ဥရောပချန်ပီယံလိဂ်ဖလားအား ၂ နှစ်ဆက်တိုက်ရဟိအောင် စွမ်းဆောင်ပီးထားသည်။
ယင်းအပြင် အန်းနရစ် (၅၆ နှစ်) သည် လက်ဟိအချိန်ထိ PSG အသင်းနန့် UEFA ချန်ပီယံလိဂ်ဖလား (၂) ကြိမ် ၊ လီဂူးဝမ်းဖလား (၃) ကြိမ် ၊ ပြင်သစ်ဖလား ( ၂) ကြိမ် ၊ Trophée des Champions ဖလား ( ၃) ကြိမ် ၊ UEFA Super Cup (၂) ကြိမ် နန့် FIFA Intercontinental Cup (၁) ကြိမ် စုစုပေါင်းဆုဖလား (၁၃) လုံးအထိ ဆွတ်ခူးထားသည်။
PSG အသင်းသည် အသင်း၏နည်းပြချုပ် အန်းနရစ်အပါအဝင် နောက်ထပ် အဓိကဇတ်သမားများဖြစ်သည့် ဂျိုအာ နီဗက်စ်၊ ဝီလီယန် ပါချို၊ လူးကပ်စ် ဘီရယ်လ်ဒို၊ မိုင်ယလူ နန့် ဖာဘီယန် ရုဇ် ရို့ကိုလည်း အသီးသီး စာချုပ်သက်တမ်းတိုးခကြောင်း သိဟိရသည်။
Source- PSG extend Luis Enrique's deal to 2030, sign new deals with five players/Reuters/ Top News
Photo - PSG
9September 5, 2026 2.3K 1