ယူ-၂၀ နည်းပြချုပ် ဂျရတ် ဂျုံးစ်ကို ဘင်္ဂလားဒေ့ချ် ရာထူးကထုတ်ပယ်
APM ၊ စပ်တမ်ဘာ ၅ / ၂၀၂၆
ဥဇဘက်ကစ္စတန်နိုင်ငံတွင် ကျင်းပနီသည့် AFC U20 အာသျှဖလားခြီစစ်ပွဲတွင် နှစ်ပွဲဆက်တိုက် ယှုံးနိမ့်ပြီးနောက် အမျိုးသားလက်ရွီးစင် ယူ -၂၀ နည်းပြချုပ် ဂျရတ် ဂျုံးစ်ကို ဘင်္ဂလားဒေ့ချ် ဘောလုံးအဖွဲ့ချုပ် (BFF)မှ စပ်တမ်ဘာ ၄ ရက်နိတွင် ရာထူးက ထုတ်ပယ်လိုက်သည်။
ဘင်္ဂလားဒေ့ချ်အသင်းသည် အဆိုပါခြီစစ်ပွဲတွင် ဥဇဘက်ကစ္စတန်ကို ၂–၀ ၊ ဆီးရီးယားအသင်းကို ၃-၀ ဂိုးဖြင့် ယှုံးနိမ့်ပြီးနောက် နာရီပိုင်းအကြာတွင် နည်းပြချုပ် ဂျရတ် ဂျုံးစ်အား BFF က ထုတ်ပယ်ခခြင်းဖြစ်သည်။
ကဇတ်ရန်ကျန်ဟိနီသည့်လက်ကျန်ပွဲစဉ်များကို လက်ထောက်နည်းပြဖြစ်သူ အာတီကွာ ရာမန် မီသျှူက တာဝန်ယူလားမည်ဟု BFF က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ချ် ယူ-၂၀ အသင်းသည် ခြီစစ်ပွဲနှစ်ပွဲတွင် ပြိုင်ဖက်အသင်းများအား ၅ ဂိုးအထိ ပီးခရပြီး သွင်းဂိုးမဟိခသည့်အတွက် အသင်း၏ တိုက်စစ်ပိုင်း၊ နည်းဗျူဟာနန့် ကဇတ်ပုံဖွဲ့စည်းမှုအပေါ် ဝေဖန်မိန်းခွန်းထုတ်မှုများ ထွက်ပေါ်လာခသည်။
နည်းပြ ဂျရတ် ဂျုံးစ်သည် ဥဇဘက်ကစ္စတန်နိုင်ငံသို့ ခြီစစ်ပွဲကဇတ်ရန်မထွက်ခွာခင် သူ့၏ လစာကိစ္စနန့်ပတ်သက်သော အငြင်းပွားမှုများအပြင် ဒါကာမြို့ဟိ အသင်းတည်းခိုသည့်ဟိုတယ်၌ လက်ထောက်နည်းပြတဦးနန့်လည်း ပြဿနာ ဖြစ်ပွားခကြောင်း သိရသည်။
ဂျရတ် ဂျုံးစ်အနီနန့် ဘင်္ဂလားဒေ့ချ် လူငယ်အသင်းများ၏ ဖွံ့ဖြိုးတိုးတက်ရီးအတွက် ခန့်အပ်ခံခရခြင်းဖြစ်ပြီး လူငယ်ကဇတ်သမားများအား ပြုစုပျိုးထောင်ရီး အစီအစဉ်များ ချမှတ်ရန် ရောက်ဟိလာသည့် နည်းပြတယောက်ဖြစ်ကြောင်းလည်း သိရသည်။
Source- Two defeats cost Jones Bangladesh job/Times Sports
Photo- Sports Reporter
7
3September 5, 2026 1.6K 2