မြဝတီမြို့နယ်၊ ဖလူးလေးရွာနားကို စကမ ဒရုန်း နန့် ဗုံးကြဲတိုက်ခိုက်၊ အချေ တယောက် သီဆုံးပြီး ၃ ယောက် ဒဏ်ရာရ
APM၊ စပ်တမ်ဘာ ၅ /၂၀၂၆
ကရင်ပြည်၊ မြ၀တီမြို့နယ်၊ ဖလူးလေးရွာနားကို စပ်တမ်ဘာ ၄ ရက်နိတွင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မသျှန်တပ်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခ၍ အချေတယောက် သီဆုံးပြီး ၃ ယောက်ထိခိုက်ဒဏ်ရာရလားကြောင်း ဒေသတွင်းသတင်းများ၌ ဖော်ပြချက်အရသိရသည်။
စပ်တမ်ဘာ ၄ ရက်နိ၊ နိခင်းပိုင်းတွင် ဖလူးလေးရွားနားဟိ ဒီမိုကရီစီအကျိုးပြု ကရင့်တပ်မတော် ( DKBA) ၏ ထိပ်ပိုင်းဂေါင်းဆောင်တဦးဖြစ်သူ ဗိုလ်ချုပ်စောဆန်းအောင်၏ ခြံဝင်းရှိခြမ်းကို စစ်ကော်မသျှန်တပ်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခကြောင်း ဖော်ပြထားသည်။
ယင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၆ လအရွယ် အချေတယောက် သီဆုံးလားပြီး နောက်ထပ်ပြည်သူ ၃ ယောက်လည်း ထိခိုက်ဒဏ်ရာရလားခသည်ဟု ဆိုသည်။
ယင်းအပြင် လူနီအိမ်အများအပြားလည်းထိခိုက်ပျက်စီးလားကြောင်း သိဟိရသည်။
photo- Original Uploader
4
2
1September 5, 2026 1.2K