မင်းတပ်တွင် စကမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ယောက် သီဆုံး
PM၊ စပ်တမ်ဘာ ၄ / ၂၀၂၆
ချင်းပြည်တောင်ပိုင်း ၊ မင်းတပ်မြို့ နန့် အနားပတ်ဝန်းကျင်းကို ဒေနိ၊ စပ်တမ်ဘာလ ၄ ရက်နိ၊ မိုးထပိုင်း၌ အကြမ်းဖက် စစ်ကော်မသျှန်တပ်မှ လက်နက်ကြီး နန့် ပစ်ခတ်၍ အရပ်သားပြည်သူ ၂ ယောက် သီဆုံးလားကြောင်း သိရသည်။
ဒေနိ၊ စပ်တမ်ဘာလ ၄ ရက်နိ၊ မိုးထ ၉ နာရီခန့်တွင် စစ်ကော်မသျှန်တပ်သည် ကျောက်ထု နန့် အခြားနီရာများမှနီ၍ ၁၂၀ မမ လက်နက်ကြီးများစွာနန့် အကြိမ်ပေါင်းများစွာ ပစ်ခတ်ခကြောင်း ဒေသခံများက ပြောသည်။
ယင်းလက်နက်ကြီးပစ်ခတ်မှုကြောင့် မင်းတပ်မြို့အနားပတ်ဝန်းကျင်ဟိ ဥယျာဉ်ခြံအတွင်း ကျရောက်ပေါက်ကာ အသက် ၆၀ ဝန်းကျင် လင်မယား ၂ ယောက် သီဆုံးခပြီး လူနီအိမ်များမာလည်း ထိခိုက်ပျက်စီးခသည်ဟု ဆိုသည်။
စပ်တမ်ဘာ ၃ ရက်နိကလည်း စစ်ကော်မသျှန်တပ်သည် မင်းတပ်မြို့ဖက်သို့ ဦးတည်ပြီး လက်နက်ကြီးများအပြင် လီကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခသည်။
အလားတူ သြဂတ်စ် ၃၀ ရက်နိကလည်း မင်းတပ်မြို့နယ် ၊ ဝှမ်းခုမ်ရွာကို အကြမ်းဖက် စစ်ကော်မသျှန်တပ်မှ ဂျက်ဖိုက်တာ ၂ စီးဖြင့် လီကြောင်းတိုက်ခိုက်မှုများပြုလုပ်ခ၍ ကျောင်းသားချေများအပါအဝင် ပြည်သူ ၈ ယောက် သီဆုံးခပြီး ၁၅ ယောက်ခန့် ထိခိုက်ဒဏ်ရာရဟိခကြောင်းလည်း သိဟိရသည်။
Photo - HKL Mindat
2
1September 4, 2026 798