သာလီစွ မိုးထဖက်ပါ ..
ရက္ခိုင်သက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၇) ရက် ၊ ခရစ်နှစ် ၂၀၂၆ ခုနှစ်၊ စပ်တမ်ဘာ ( ၄) ရက်၊ Arakan Princess Media ၏ မိုးထဖက်သတင်းအစီအစဉ် တိကိုတင်ဆက်ထုတ်လွှင့်ပီးလိုက်ပါရေ။
ဒေနိ မိုးထဖက်အစီအစဉ်မာ ခိုင်မာထွန်း နန့် ဆောင်းနှင်းဝ ရို့ကသတင်းတိကိုတင်ဆက် ပီးထားကတ်စွာဖြစ်ပါရေ။
ဒေနိ မိုးထဖက်အစီအစဉ်မာ နားထောင်ကတ်ရဖို့ သတင်းတိကတော့ခါ −−−−
(၁) အာရက္ခပြည်သူ့ကျန်းမာရီးဌာနမာ လစ်လပ်နီရေ ရုံးအကူ (၁) နီရာကို ခန့်အပ်ဖို့ လျှောက်လွှာခေါ်ယူ ရေသတင်း၊
(၂)စစ်တွေမာ စကမတပ်၏ လူသားဒိုင်းကာ ပြုလုပ်ခံထားရရေ ဒေသခံတိ ဝမ်းရောဂါဖြစ်ပွားမှု မြင့်တက်နီပြီး ဆီးကုသခွင့်မရ ရေသတင်းနန့်
(၃) ဂွမြို့နယ် ရွာ ၂၀ ကျော်က ကျောင်းသူ/ သားတိကို ရက္ခိုင်အသင်းကိုရီးယားက စာအုပ်တိ ထောက်ပံ့ ရေပြည်တွင်းသတင်း အပါအဝင် တခြားထူးခြားရေ ပြည်ပသတင်းတိ နန့် အားကဇတ် သတင်းတိကို တင်ဆက်ပီးထားပါရေ။
Arakan Princess Media ကထုတ်လွှင့်နီရေ အစီအစဉ်တိကို Telegram Channel အပြင် YouTube ,Facebook ရို့မာဝင်ရောက်နားထောင်နိုင်ပြီးကေ မြီပြင်မာ လီလှိုင်းထက်ကလည်း FM Frequency 90.30 MHz က ဖမ်းယူနားထောင်နိုင်ပါရေ။
Arakan Princess Media ၏ အစီအစဉ်တိကို နိစဉ် မိုးထဖက် (၈) နာရီနန့် ညဇာဖက် (၈) နာရီမာ ပုံမှန်ထုတ်လွှင့် တင်ဆက်ပီးနီပါရေ။
အာရက္ခပြည်သူ ပြည်သားရို့အားလုံး ဖီးအန္တရာယ် ကင်းဝီးကတ်ပါစီ။
#APM
# အာရက္ခမင်းသမီးသတင်းမီဒီယာ
#APMFM
===============
YouTube Link: https://www.youtube.com/channel/UC2pqSWqtEsKY1Cxh-u-KelQ
Telegram Channel Link: https://t.me/arakanprincess
10
3September 4, 2026 1.1K