ဒေနှစ်အတွင်း ပြင်းထန်သော အယ်လ်နီညို ရာသီဥတု ဖြစ်ပေါ်မည်ဟု ကုလ သတိပီး
APM ၊ စပ်တမ်ဘာ ၃ /၂၀၂၆
ဒေနှစ်အတွင်း ပြင်းထန်သည့် အယ်လ်နီညို ရာသီဥတုဖြစ်ပေါ်မည်ဖြစ်ပြီး အယ်လ်နီညို၏ သက်ရောက်မှုကို ကမ္ဘာတဝန်း စတင်ခံစားနီရပြီးဖြစ်ကြောင်း ကုလသမဂ္ဂက ဒေနိ၊ စပ်တမ်ဘာ ၃ ရက်နိတွင် သတိပီးချက် ထုတ်ပြန်သည်။
အယ်လ်နီညိုဖြစ်စဉ်သည် လာမည့်လများအတွင်း အလွန်အားကောင်းလာမည်ဖြစ်ပြီး လွန်ကဲသည့် ရာသီဥတုအန္တရာယ်ကို ၂၀၂၇ ခုနှစ်အတွင်း ပိုမိုသက်ရောက်လာမည်ဖြစ်ကြောင်း ကမ္ဘာ့မိုးလီဝသအဖွဲ့ချုပ်(WMO) က ဆိုသည်။
ကုလသမဂ္ဂအတွင်းရီးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း အယ်လ်နီညို၏ သက်ရောက်မှုများကို ကမ္ဘာတဝန်း စတင်ခံစားနီရပြီး ကမ္ဘာကြီးသည် "ပြင်းထန်ရာသီဥတုအန္တရာယ်ဇုန်" ထဲ ရောက်ဟိနီပြီးဖြစ်ကြောင်း ပြောကြားသည်။
ကမ္ဘာ့မိုးလီဝသအဖွဲ့ချုပ်(WMO) ၏ ထုတ်ပြန်ချက်အရ ယခုနှစ်တွင်ဖြစ်ပေါ်မည့် အယ်လ်နီညိုသည် နှစ်ပေါင်း ၇၀ ကျော်အတွင်း အပြင်းထန်ဆုံးဖြစ်လာနိုင်ကြောင်း သိရသည်။
အီကွေတာအနားဟိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ၏ ပင်လယ်ရီမျက်နှာပြင်အပူချိန်နန့် လီထုဖြစ်စဉ်များကို တိုင်းထွာချက်အရ အယ်လ်နီညိုသည် ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြင်းထန်စွာဖြစ်ပေါ်မည်ဖြစ်ကြောင်း ကမ္ဘာ့မိုးလီဝသအဖွဲ့နန့် ရာသီဥတုခန့်မှန်းရီးစင်တာရို့အပါအဝင် ကမ္ဘာလုံးဆိုင်ရာ မိုးလီဝသပညာသျှင်များကလည်း အတည်ပြုထားသည်။
အဆိုပါ အယ်လ်နီညိုဖြစ်စဉ်ကြောင့် ကမ္ဘာတဝန်းတွင် ရာသီဥတု ဖောက်ပြန်ပြီး မိုးရွာသွန်းမှု မမှန်ခြင်း၊ နိအပူချိန်များ မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ မိုးခေါင်ရီယှားခြင်းစသည့် အစွန်းရောက် မိုးလီဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း သိဟိရသည်။
Source - UN warns of 'very strong' El Nino this year, carrying threat of extreme weather / ABC News
Photo - NBCLA
1September 3, 2026 999 3