မက်ဆီအနားယူခြင်းနန့် ပွဲပယ်ခံထားရမှုကြောင့် အာဂျင်တီးနားကဇတ်သမားဘဝ မရေရာဖြစ်နီသည်ဟု ပါရီဒက်စ် ဆို
APM ၊ စပ်တမ်ဘာ ၃ / ၂၀၂၆
နိုင်ငံတကာကပွဲစဉ် ၁၀ ပွဲ၊ ပွဲပယ်ခံရထားရမှုနန့် အသင်းဂေါင်းဆောင် မက်ဆီ လက်ရွီးစင်ကဇတ်သမားဘဝက အနားယူလားမှုကြောင့် ၎င်းအနီနန့် နိုင်ငံအသင်းအတွက် ဆက်ကဇတ်ရန် မရေရာဖြစ်နီကြောင်း အင်ဂျင်တီးနား ကွင်းလယ်ကဇတ်သမား လီယမ်ဒရို ပါရီဒက်စ်က စပ်တမ်ဘာ ၁ ရက်နိတွင် ထုတ်ဖော်ပြောကြားသည်။
"နိုင်ငံအသင်းမာဆက်ကဇတ်ဖို့ ကျနော်အတွက် ခက်ခဲပါဖို့။ ပွဲစဉ် ၁၀ ပွဲ ဆိုင်းငံ့ခံရမှု နန့် မက်ဆီအနားယူလားစွာရို့ကြောင့်ပါ။ အရာအားလုံးက အယင်ပိုင် ဆက်လားဖို့ခက်ခဲလားပါဗျာယ်” ဟု လီယမ်ဒရို ပါရီဒက်စ်က ဆိုသည်။
ယင်းအပြင် ပါရီဒက်စ်က တိုက်စစ်မှူးမက်ဆီ အနားယူမှုကို နှမြောမိပြီး၊ သူ၏အောင်မြင်မှုများ၊ အယှုံးမပီးသော စိတ်ဓာတ်နန့် အိပ်မက်များအား ခက်ခက်ခဲခဲပုံဖော်ခမှုများကို ရဟိခပါကြောင်း၊ မက်ဆီ၏ အမွီအနှစ်သည် ထာဝရ တည်တံ့နီမည်ဖြစ်ကြောင်းလည်း ထပ်လောင်းပြောကြားခသည်။
အသက် (၃၂) နှစ်အရွယ် ပါရီဒက်စ်သည် ၂၀၂၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးတွင် စပိန်ကွင်းလယ်လူ ဂါဗီကို မြီပြင်ပေါ်သို့ လှဲချခ၍ ဩဂတ်စ်လအတွက် ၁၀ ပွဲ၊ ပွဲပယ်ခံခရပြီး ဒဏ်ငွေ ဒေါ်လာ ၉၀,၀၀၀ လည်း ပီးဆောင်ခရကြောင်း သိရသည်။
Source- Paredes says suspension, Messi retirement make Argentina future uncertain/Reuters
Photo- USA Today
5
2
2September 3, 2026 2K