ဂွ၊ ကျိန္တလီ နန့် ဂျိတ်တောမြို့ အနီးဝန်းကျင်များကို စကမ၏ စစ်သင်္ဘောများမှ ရီကြောင်းတိုက်ခိုက်နီကြောင်း အာရက္ခတပ်တော် ထုတ်ပြန်
APM၊ စပ်တမ်ဘာ ၃ / ၂၀၂၆
အာရက္ခပြည်၊ ဂွ၊ ကျိန္တလီ နန့် ဂျိတ်တောမြို့ အနီးဝန်းကျင်များကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မသျှန်တပ်၏ စစ်သင်္ဘောများမှ ရီကြောင်းတိုက်ခိုက်နီကြောင်း အာရက္ခတပ်တော် (AA) မှ ဂနိတွင် ထုတ်ပြန်သည်။
ထုတ်ပြန်ချက် အတွင်း၌ ” အာရက္ခဒေသ၊ ဂွ၊ကျိန္တလီ၊ ဂျိတ်တောမြို့များနန့် အနီးပတ်ဝန်းကျင်များဖက်သို့ ဖက်ဆစ်အကြမ်းဖက် စစ်ကော်မသျှန် ၏ ပင်လယ်ပြင်၌ တပ်စွဲထားသော စစ်သင်္ဘောများထက်မှ ရီကြောင်းတိုက်ခိုက်မှုအား ၂၀၂၆ ခုနှစ်၊ စပ်တမ်ဘာလ(၃) ရက်၊ နိခင်း (၁၁) နာရီ (၀၂) မိနစ်ခန့်မှ စတင် ပစ်ခတ်တိုက်ခိုက်လျက်ဟိသည် ” ဟု ဖော်ပြသည်။
ယင်းကြောင့် အာရက္ခဒေသပြည်သူများအနီဖြင့် ဖက်ဆစ်အကြမ်းဖက် စစ်ကော်မသျှန်၏ လီကြောင်း၊ ရီကြောင်းရန်ကို အထူးသတိထားကတ်ရန် အာရက္ခတပ်တော် (AA)မှအသိပီးအပ်ထားသည်။
နောက်ဆက်တွဲ ဖြစ်စဥ်များနန့် ပတ်သက်၍ အချက်အလက် အပြည့်အစုံကို ဆက်လက်တင်ပီးလားမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားပါသည်။
Photo - AA Info Desk
9
6
2
1September 3, 2026 1.9K 2