သာလီစွ မိုးထဖက်ပါ ..
ရက္ခိုင်သက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၆) ရက် ၊ ခရစ်နှစ် ၂၀၂၆ ခုနှစ်၊ စပ်တမ်ဘာ ( ၃) ရက်၊ Arakan Princess Media ၏ မိုးထဖက်သတင်းအစီအစဉ် တိကိုတင်ဆက်ထုတ်လွှင့်ပီးလိုက်ပါရေ။
ဒေနိ မိုးထဖက်အစီစဉ်မာ မျိုးမြတ် နန့် စံသိမ်းနု ရို့ကသတင်းတိကိုတင်ဆက် ပီးထားကတ်စွာဖြစ်ပါရေ။
ဒေနိ မိုးထဖက်အစီအစဉ်မာ နားထောင်ကတ်ရဖို့ သတင်းတိကတော့ခါ −−−−
(၁) အာရက္ခပြည်၊ ကျောက်တော်မြို့နယ်မာ အသက် (၁၄) နှစ်အရွယ် မမချေတယောက်ကို မုဒိမ်းမှုကျူးလွန်ပနာ ထွက်ဗြီး လွတ်မြောက်နီခရေ တရားခံကို ဒီလပ် ဖမ်းဆီး စစ်ဆီးပြီး ခရိုင်တရားရုံးသို့ တရားစွဲ တင်ထားရေ သတင်း၊
(၂) (၃)အကြိမ်မြောက် အာရက္ခလောင်ပေါ် ဒုတိယဆုကို မြောက်ဦးမြို့နယ်က Grade-11 ကျောင်းသူတ ယောက်ဆွတ်ခူးရေ သတင်းနန့်
(၃) အာရက္ခမိဖပြည်သူရို့အနီနန့် အချေရိုကို လိင်ပိုင်းဆိုင်ရာအန္တရာယ်က ကာကွယ်နိုင်ရီး အထူးဂရုစိုက် ဆုံးမထိန်းကျောင်းပီးကတ်ဖို့ ဒီလပ်တိုက်တွန်းရေ ပြည်တွင်းသတင်း အပါအဝင် တခြားထူးခြားရေ ပြည်ပသတင်းတိ နန့် အားကဇတ် သတင်းတိကို တင်ဆက်ပီးထားပါရေ။
Arakan Princess Media ကထုတ်လွှင့်နီရေ အစီအစဉ်တိကို Telegram Channel အပြင် YouTube ,Facebook ရို့မာဝင်ရောက်နားထောင်နိုင်ပြီးကေ မြီပြင်မာ လီလှိုင်းထက်ကလည်း FM Frequency 90.30 MHz က ဖမ်းယူနားထောင်နိုင်ပါရေ။
Arakan Princess Media ၏ အစီအစဉ်တိကို နိစဉ် မိုးထဖက် (၈) နာရီနန့် ညဇာဖက် (၈) နာရီမာ ပုံမှန်ထုတ်လွှင့် တင်ဆက်ပီးနီပါရေ။
အာရက္ခပြည်သူ ပြည်သားရို့အားလုံး ဖီးအန္တရာယ် ကင်းဝီးကတ်ပါစီ။
#APM
# အာရက္ခမင်းသမီးသတင်းမီဒီယာ
#APMFM
===============
YouTube Link: https://www.youtube.com/channel/UC2pqSWqtEsKY1Cxh-u-KelQ
Telegram Channel Link: https://t.me/arakanprincess
13September 3, 2026 1.9K