မော်ချီးကို စကမ ဗုံးကြဲ၊ အချေအပါအဝင် ပြည်သူ ၆ ယောက် သီဆုံး၊ ၉ ယောက်… — Arakan Princess Media — TG.ME

မော်ချီးကို စကမ ဗုံးကြဲ၊ အချေအပါအဝင် ပြည်သူ ၆ ယောက် သီဆုံး၊ ၉ ယောက် ဒဏ်ရာရ
 

APM၊ စပ်တမ်ဘာ ၂/၂၀၂၆
 
ကရင်နီပြည် ၊ ဖားဆောင်းမြို့နယ် ၊ မော်ချီးဒေသဟိ အရပ်သားပြည်သူများ နီထိုင်သည့် ကျောက်ကြားရွာကို စပ်တမ်ဘာ ၁ ရက်နိတွင် အကြမ်းဖက် စစ်ကော်မသျှန်တပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခ၍ အချေအပါအဝင် ပြည်သူ ၆ ယောက်သီဆုံးလားပြီး ၉ ယောက်ထိခိုက်ဒဏ်ရာရဟိလားကြောင်း ဒေသတွင်း သတင်းများ ဖော်ပြချက်အရသိရသည်။
 
စပ်တမ်ဘာ ၁ ရက်နိ၊ညဇာ ၄ နာရီအချိန်တွင် မော်ချီးဒေသ၊ ခဲတူးဖော်ရီးလုပ်ကွက်အနား ကျောက်ကြားရွာကို တိုက်ပွဲတစုံတရာဖြစ်ပွားခြင်းမဟိဘဲ အကြမ်းဖက် စစ်ကော်မသျှန်တပ်မှ ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံး ၃ လုံးကြဲချတိုက် ခိုက်မှုပြုလုပ်ခသည်ဟု ဆိုသည်။
 
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အချေအပါအဝင် ပြည်သူ ၆ ယောက်သီဆုံးခပြီး ၉ ယောက်ထိခိုက်ဒဏ်ရာရဟိ လားကာ လူနီအိမ်အများအပြားလည်း ထိခိုက်ပျက်စီးခကြောင်း ဖော်ပြထားသည်။
 
အလားတူ ပြီးခသည့် ၂၀၂၅ ခုနှစ်၊ သြဂတ်စ်လ ၁၇ ရက်နိတွင်လည်း မော်ချီးဒေသ၊ လိုခါးလိုရွာကို အကြမ်းဖက် စစ်ကော်မသျှန်တပ်မှ လီကြောင်းတိုက်ခိုက်ခ၍ အချေများ နန့် ရွှိပြောင်းလုပ်သားများအပါအဝင် ပြည်သူ ၃၂ ယောက် သီဆုံးခသိမ့်သည်။
 
Photo - Mizzima - News in Burmese
😢7
September 2, 2026 926 1