လစ်ဗျားအကျဉ်းစခန်းမှ ခိုးဝင်ဘင်္ဂလားချ်နိုင်ငံသား ၁၇၄ ဦးကို… — Arakan Princess Media — TG.ME

လစ်ဗျားအကျဉ်းစခန်းမှ ခိုးဝင်ဘင်္ဂလားချ်နိုင်ငံသား ၁၇၄ ဦးကို နီရပ်ပြန်ပို့

APM ၊စပ်တမ်ဘာ ၂ / ၂၀၂၆

လစ်ဗျားနိုင်ငံဟိ Tajoura ထိန်းသိမ်းရီးစခန်းတွင် ထိန်းသိမ်းခံထားရသည့် ခိုးဝင်ဘင်္ဂလားဒေ့ချ်နိုင်ငံ ၁၇၄ ဦးကို စပ်တမ်ဘာ ၁ ရက်နိတွင် နီရပ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခကြောင်း သိရသည်။

လစ်ဗျားနိုင်ငံအတွင်း ခိုးဝင်နီသည့် ဘင်္ဂလားဒေ့ချ်နိုင်ငံသား ၁၇၄ ဦးကို Buraq Air အထူးလီယာဉ်ဖြင့် ဒါကာမြို့သို့ စပိတမ်ဘာ ၁ ရက်နိ၊ မိုးထ ၉ နာရီ  ၄၇ မိနစ်တွင် ရောက်ဟိလာခကြောင်း ဆိုသည်။

အဆိုပါ နီရပ်ပြန်ပို့ရီးလုပ်ငန်းစဉ်ကို ဘင်္ဂလားဒေ့ချ်နိုင်ငံခြားရီးဝန်ကြီးဌာန၊ လစ်ဗျားနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ချ်သံရုံးနန့် ပြည်ပရောက် ဘင်္ဂလားဒေ့ချ်နိုင်ငံသားများဆိုင်ရာ ဝန်ကြီးဌာနရို့က လစ်ဗျားအစိုးရနန့် အပြည်ပြည်ဆိုင်ရာ ရွှိပြောင်းနီထိုင်သူများအဖွဲ့ (IOM) ရို့နန့် ပူးပေါင်းဆောင်ရွက်ခခြင်း ဖြစ်သည်။

ယင်းတရားမဝင် ခိုးဝင်နီထိုင်သည့် ဘင်္ဂလားဒေ့ချ်နိုင်ငံသား မူဆလင်များမာ လူကုန်ကူးသူများထံမှတဆင့် ဥရောပသို့ ရွိပြောင်း အခြီချရန် လစ်ဗျားနိုင်ငံသို့  တရားမဝင် ခိုးဝင်၍ နီထိုင်နီကတ်ခြင်းဖြစ်သည်။

လက်ဟိတွင် လစ်ဗျားနိုင်ငံတွင်း တရားမဝင် ခိုးဝင် မူဆလင်များ အများအပြားဟိနီသည့်အတွက် လစ်ဗျားအစိုးရမှ ၎င်းရို့ကို လစဥ်လတိုင်း ပြန်လည်ပို့ဆောင်နီရသည်။

ကုန်ခသည့် နိုဗမ်ဘာ ၁၇ ရက်နိတွင်လည်း လစ်ဗျားနိုင်ငံတွင်း ခိုးဝင်နီထိုင်နီသည့် မူဆလင် ၁၇၀ ကျော်ကို လစ်ဗျားအစိုးရမှ ဘင်္ဂလားဒေ့ချ်သို့ ပြန်ပို့ခသည်။

ယင်းအ​ပြင် ကုန်ခသည့် အောက်တိုဘာလအတွင်း လစ်ဗျားနိုင်ငံတွင် တရားမဝင် ခိုးဝင်နီသည့် ဘင်္ဂလားဒေ့ချ်နိုင်ငံမှ မူဆလင် ၇၇၉ ဦးအား နှင်ထုတ်ခကြောင်း သိရသည်။

လူဦးရေအဆမတန်များသည့် ဘင်္ဂလားဒေ့ချ်နိုင်ငံမှ မူဆလင်များသည် အိမ်နီးချင်းနိုင်ငံနန့် ဥရောပ၊ အမေရိက၊ အိန္ဒိယနိုင်ငံအတွင်းသို့ တရားမဝင် ခိုးဝင်နီထိုင်မှု အလွန်များပြားလာခြင်းကြောင့် သက်ဆိုင်ရာ နိုင်ငံအာဏာပိုင်များက ဖမ်းဆီးခြင်း၊ နှင်ထုတ်ခြင်း၊ ပြန်ပို့ခြင်းများကို ဆက်တိုက် လုပ်ဆောင်လျက်ဟိသည်။

Source - 174 Bangladeshis return from Libyan detention centre

Photo - BSS News
👍7
September 2, 2026 856