ယင်းနောက် ၂၀၂၆ ခုနှစ်၊ သင်္ကြန်အလွန် (၆) ရက်ခန့်အကြာ (ရက်မမှတ်မိ)… — Arakan Princess Media — TG.ME

ယင်းနောက် ၂၀၂၆ ခုနှစ်၊ သင်္ကြန်အလွန် (၆) ရက်ခန့်အကြာ (ရက်မမှတ်မိ) မွန်းလွဲ (၃) နာရီ အချိန်ခန့်တွင်လည်း ဦးမောင်အေးလှသည်  အဆိုပါ မမချေ၏ အသက်(၈)နှစ်အရွယ် ညီမချေဖြစ်

သူအား အညှင်းပင်အောက်သို့ခေါ်ကာ ဖေသာ (၄,၀၀၀) ကျပ်နန့် အချိုရည်(၁)ထုတ်ပီးမည်ဟု ပြောဆိုပြီး သူ၏ယောင်္ကျားတန်ဆာကို ဆုပ်ကိုင်ခိုင်းကာ ၎င်း၏ ကာမဆန္ဒကို ပြီးမြောက်အောင် လုပ်ခိုင်းခကြောင်း၊ ယင်းနောက် တဲသို့ပြန်လာပြီး ဖေသာ (၄,၀၀၀)နန့် အချိုရည် (၁) ထုတ်ပီးကာ တယောက်ကိုလည်း ပြန်မပြောရန် ဦးမောင်အေးလှမှ ပြောဆိုခကြောင်းကို မိခင်ဖြစ်သူမှ ပြန်ပြောပြသဖြင့် ၎င်းအား သားမယားအဖြစ် လည်းကောင်း၊ ဓမ္မတာနန့် ဆန့်ကျင်၍ လည်းကောင်း အဓမ္မ ပြုကျင့်ခသည့်အပြင် ညီမချေ ဖြစ်သူကိုပါ မဖွယ်မရာ ပြုလုပ်ခိုင်းသည့် ဦးမောင်အေးလှအား ဒေါသဖြစ်ကာ တောထဲ၌ ညည့်အိပ်ခစဉ် ၎င်းအား ဦးမောင်အေးလှမှ အတင်းအဓမ္မပြုကျင့်ခသည့် ဖြစ်စဉ်အလုံးစုံကို မိခင်ဖြစ်သူထံ၌ ပြန်ပြောပြခသည်ဟု ဖော်ပြသည်။

၎င်းအား သားမယားအဖြစ် ပြုကျင့်သည့်အပြင် ဓမ္မတာနန့်ဆန့်ကျင်၍ ကာမဆန္ဒကို အဓမ္မ ရယူခသူ ကျောက်တော်မြို့နယ်၊ သိန်းတန်ရွာမှ ဦးမောင်အေးလှ(၅၅နှစ်)အား ဥပဒေအရ အရေးယူ ဆောင်ရွက်ပီးပါရန် သက်ဆိုင်ရာ ဒီလပ်စခန်း၌ ၂၀၂၆ ခုနှစ်၊ မေလ (၁၅) ရက်နိ၊ မိုးထ (၁၀) နာရီအချိန်တွင် နစ်နာသူ ကာယကံသျှင် ကိုယ်တိုင် တရားလိုပြုလုပ် တိုင်တန်းလာသဖြင့် သက်ဆိုင်ရာ ဒီလပ်စခန်းမှ အမှုအမှတ် (ပ) ၆/၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆၊ ၃၇၇ ဖြင့် အမှုရွီးဖွင့် ဆောင်ရွက်ခသည်ဟု ဖော်ပြသည်။

ယင်း​နောက် သက်ဆိုင်ရာ ဒီလပ်စခန်းသည် အမှုမှ တရားခံ ဦးမောင်အေးလှကို ဖမ်းဆီးရမိနိုင်ရီး စုံစမ်းရာ ဦးမောင်အေးလှမာ အမှုနန့် အဖမ်းမခံဘဲ ထွက်ဗြီး တိမ်းယှောင်နီသဖြင့် ၎င်းလားရောက် တိမ်းယှောင်နီနိုင်သော နီရာများကို စဉ်ဆက်မပြတ် ထောက်လှမ်း စုံစမ်းခရာ ၂၀၂၆ ခုနှစ်၊ ဂျူလိုင်လ (၃၀)ရက်နိ၊ မိုးထစောစော (၂) နာရီအချိန်ခန့်တွင် သိန်းတန်ရွာဟိ ၎င်း၏နီအိမ်၌ ရောက်ဟိနီကြောင်း သတင်းအရ သက်သီများနန့်တတူ လားရောက်ဖမ်းဆီးခသည်ဟု ထုတ်ပြန်ချက်၌ ပြောဆိုထားသည်။

၎င်းအား ဖမ်းဆီးပြီးနောက် အမှုနန့် ဆက်လက်စစ်ဆီးနိုင်ရီးအတွက် ချုပ်မိန့်ရယူကာ စစ်ဆီးရာ အမှုမှ တရားခံ မောင်အေးလှက ၎င်းသည် အဆိုပါ ပြစ်မှုကို ကျူးလွန်ခသည်မာ မှန်ကန်ကြောင်း ဝန်ခံထွက်ဆိုပြီး ၎င်းကျူးလွန်ခသော ပြစ်မှု အကြောင်းခြင်းရာများကို တရားရုံးတော်၌ ဖြောင့်ချက်ပီးလိုကြောင်း ပြောဆိုလာသဖြင့် ကျောက်တော်မြို့နယ်တရားသူကြီးမှ ရာဇဝတ် အထွေထွေမှုအမှတ် (××××××××) ဖြင့် ရွီးမှတ်ဆောင်ရွက်ခကြောင်း သိရသည်။

အမှုမှတရားလို/သက်သီများအား စစ်ဆီးခြင်း၊ အခင်းဖြစ်ရပ်အား စစ်ဆီးခြင်း၊ အခင်းဖြစ်ရပ် မှတ်တမ်း ဓာတ်ပုံရိုက်ကူး ခြင်း၊ အခင်းဖြစ်ရပ် မြီပုံကြမ်းရွီးဆွဲခြင်း၊ သက်သီခံပစ္စည်းများ သိမ်းဆည်းခြင်း စသည့် ဒီလပ်လုပ်ငန်းများကို ဆောင်ရွက်ခကြောင်း သိရသည်။

ယင်းနောက် အမှုအား ခိုင်မာစွာ တည်ဆောက်ကာ ဥပဒေအကြံပြု တင်ပြတောင်းခံခရာ မြောက်ဦးခရိုင်ဥပဒေရုံး၏ ၂၇.၀၈.၂၀၂၆ ရက်စွဲပါစာအမှတ်၊ (××××××××) အရ အမှုမှ တရားခံ ဦးမောင်အေးလှ (၅၅)နှစ်၊(ဖ) ဦးစိန်ထွန်းအောင်၊ ဥယျာဉ်ခြံလုပ်ငန်း၊ သိန်းတန်ရပ်ရွာ၊ ကျောက်တော်မြို့နယ်နီသူအား ရာဇသတ်ကြီးပုဒ်မ ၃၇၆ ၊ ၃၇၇ ဖြင့် တရားစွဲဆိုရန် အကြံပြု ပြန်ကြားလာသဖြင့် နယ်မြီဒီလပ်စခန်း၏ (၂၈.၀၈.၂၀၂၆) ရက်နိတွင် စွဲချက်အမှတ် (××××××××) ဖြင့် မြောက်ဦးခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခရာ ရာဇဝတ်ကြီးမှုအမှတ် (××××××××) ဖြင့် လက်ခံစစ်ဆီးဆောင်ရွက်လျက် ဟိကြောင်း ဖော်ပြသည်။

အလားတူ အာရက္ခပြည်အတွင်း၌ ပြစ်မှုကျူးလွန်ကာ ထွက်ဗြီးလွတ်မြောက်၍ ကျန်ဟိနီသိမ့်သည့် တရားခံဗြီးအနည်းချေကိုလည်း အယင်ဆုံး ဖမ်းမိနိုင်ရီးအတွက် အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရ၊ ဒီလပ်ဌာနအနီဖြင့် အသည်းအထန် ကြိုးပမ်းလုပ်ဆောင်လျက်ဟိသည်ဟု ဖော်ပြသည်။

Photo - အာရက္ခမှုခင်းနန့်ဆက်စပ်သတင်းများထုတ်ပြန်ရီးအဖွဲ့
❤3👎1
September 2, 2026 1K 1