အာရက္ခပြည်၊ ကျောက်တော်မြို့နယ်တွင် အသက် (၁၄) နှစ်အရွယ် မမချေတဦးအား… — Arakan Princess Media — TG.ME

အာရက္ခပြည်၊ ကျောက်တော်မြို့နယ်တွင် အသက် (၁၄) နှစ်အရွယ် မမချေတဦးအား မုဒိမ်းမှုကျူးလွန်ကာ ထွက်ဗြီး လွတ်မြောက်နီခသော တရားခံကို ဒီလပ် ဖမ်းဆီး စစ်ဆီးပြီး ခရိုင်တရားရုံးသို့ တရားစွဲ တင်ထား

APM၊ စပ်တမ်ဘာ ၂ / ၂၀၂၆

အာရက္ခပြည်၊ ကျောက်တော်မြို့နယ်တွင် အသက် (၁၄) နှစ်အရွယ် မမချေတဦးအား မုဒိမ်းမှုကျူးလွန်ကာ ထွက်ဗြီး လွတ်မြောက်နီခသော တရားခံကို ဒီလပ် ဖမ်းဆီး စစ်ဆီးပြီး ခရိုင်တရားရုံးသို့ တရားစွဲ တင်ထားပြီးဖြစ်ကြောင်း အာရက္ခမှုခင်းနန့် ဆက်စပ်သတင်းများ ထုတ်ပြန်ရီးအဖွဲ့မှ ဂနိတွင် ထုတ်ပြန်သည်။

ထုတ်ပြန်ချက် အတွင်း၌ ”အာရက္ခပြည်၊ ကျောက်တော်မြို့နယ်၊ ရမ်းချောင်းထဲ၌ ၂၀၂၆ ခုနှစ်၊ ဧပြယ်လ (၇) ရက်နိက အသက် (၁၄) နှစ်အရွယ် မမချေတဦးအား မုဒိမ်းမှုကျူးလွန်ကာ (၂) လကျော်ကြာ ထွက်ဗြီးလွတ်မြောက်နီခသော အမှုမှ တရားခံဖြစ်သူကို တရား ဥပဒေစိုးမိုးရီးနန့် ပြည်သူ့လုံခြုံရီးဌာန (ဒီလပ်) မှ ၂၀၂၆ ခုနှစ်၊ ဂျူလိုင်လ (၃၀) ရက်နိတွင် ဖမ်းဆီးရမိ၍ စစ်ဆီးပြီးနောက် ၂၀၂၆ ခုနှစ်၊ ဩဂတ်စ် (၂၉)ရက်နိတွင် မြောက်ဦးခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ထားပြီး ဖြစ်သည်” ဟု ဖော်ပြသည်။

အမှုသည် အသက် (၁၄) နှစ်အရွယ် မမချေတဦးအား သားမယားအဖြစ်ပြုကျင့်သည့်အပြင် ဓမ္မတာနန့်ဆန့်ကျင်၍ ကာမစပ်ယှက်ခသည့်သူကို ဥပဒေအရ အရေးယူပီးပါရန် သက်ဆိုင်ရာဒီလပ်စခန်း၌ ၂၀၂၆ ခုနှစ်၊ မေလ (၁၅) ရက်နိတွင် ၎င်း၏ မိခင်နန့်တတူ နစ်နာသူကိုယ်တိုင် တရားလိုပြုလုပ်၍ တိုင်တန်းလာသောအမှု ဖြစ်သည်ဟု ဆိုသည်။

ယင်းနောက် ကျောက်တော်မြို့နယ်၊ ကျောက်တလုံးရွာမှ အဆိုပါ မမချေရို့ မိသားစုသည် ၂၀၂၆ ခုနှစ်၊ မာ့ချ်လကုန်ခန့်မှစ၍ ကျောက်တော်မြို့နယ်၊ သိန်းတန်ရွာနီ ဦးမောင်အေးလှ (၅၅ နှစ်) ပိုင်ဆိုင်သည့် ကျောက်တော်မြို့နယ်၊ ဇီးချောင်းဆည် မြောက်ဖက် (၈)မိုင်ခန့်အကွာ ရမ်းချောင်းတောထဲဟိ ဥယျာဉ်ခြံ၌ ခြံစောင့်၊ နွားကျောင်း၊ အညှင်းခင်းစောင့်အလုပ်ကို တနှစ်စာ ဖေသာ (၁၈) သိန်းဖြင့် မိသားစုလိုက် လုပ်ကိုင်ခကတ်ကြောင်း သိရသည်။

ယင်းသို့ လုပ်ကိုင်နီစဉ် ၂၀၂၆ ခုနှစ်၊ ဧပြယ်လ (၅)ရက်နိတွင် မမချေ၏ မိခင်ဖြစ်သူမှ ဥယျာဉ်ခြံပိုင်သျှင် ဦးမောင်အေးလှ ထံ တဲတွင် မီးမဟိ၍  ဆိုလာပြား (၁) ချပ် လိုအပ်ကြောင်းတောင်းခံရာ ဦးမောင်အေးလှမှ ဆိုလာပြားမာ သိန်းတန်ရွာဟိ ၎င်း၏ နီအိမ်မာ ဟိ၍ ဆိုလာပြားလိုက်ယူရန် လူတဦး ထည့်ပီးစီလိုကြောင်း ပြောဆိုသဖြင့် အသက် (၁၄) နှစ်အရွယ် ၎င်း၏ သမီးချေအား ဦးမောင်အေးလှနန့်တတူ ဆိုလာပြား ယူဆောင်ရန် ထည့်ပီးလိုက်သည်ဟု ဖော်ပြသည်။

နောက်နိ (ဧပြယ် ၆ ရက်နိ) မိုးထပိုင်းတွင် ဦးမောင်အေးလှသည် ယင်းမမချေအား ရမ်းချောင်းတဲသို့ ပြန်ပို့ရန် ကျောက်တလုံးရွာမှ ဇီးချောင်းဆည်ဖက်သို့ နှစ်ဦးသားဆိုင်ကယ်ဖြင့် လာခရာ ဇီးချောင်းဆည်အရောက်တွင် တောလမ်း အတိုင်း ခြီကျင်လားရမည် ဖြစ်သဖြင့် ယင်းမမချေအား ဇီးချောင်းဆည်ဟိ ဈီးဆိုင်တဆိုင်၌ တနား ထားခကာ ဦးမောင်အေးလှမာ မဟာမုနိဘုရားရှိတွင် ကွမ်းယာရောင်းနီသော ၎င်း၏သမီးဖြစ်သူ မနှင်းနှင်းဝေထံ၌ ဆိုင်ကယ် အပ်နှံ ခကြောင်း ဆိုသည်။

ယင်းနောက် နိခင်း (၁) နာရီခန့်တွင် ဦးမောင်အေးလှသည် ဇီးချောင်းဆည်ဟိ ယင်းမမချေပါးသို့ ပြန်ရောက်လာပြီး ဇီးချောင်းဆည်အနောက်ဖက် တောလမ်းအတိုင်း ရမ်းချောင်းဟိ ၎င်း၏ ဥယျာဉ်သို့ နှစ်ဦးသား ထွက်ခွာလာခကတ်သည်ဟု သိရသည်။

ယင်းသို့ နှစ်ဦးသား ထွက်လာကတ်စဉ် ညဇာ (၅) နာရီ အချိန်ခန့်တွင် ဦးမောင်အေးလှမှ "ဓာတ်မီးလည်း မပါသဖြင့် ဆက်လားလျှင်လည်း ညည့်နက်ခါမှရောက်မည်ဖြစ်၍ နီရာကောင်းတခုရှာကာ တညည့်အိပ်ပြီး မိုးလင်းမှ ဆက်လား ကတ်မည်ဟုပြောဆိုကာ မြောင်တမြောင်တွင် အသင့်ပါလာသော အပြာရောင်ကန်စပ်ဖြင့် ယာယီတဲထိုးလျက် အိပ်စက် ရန် ပြင်ဆင်ခသည်ဟု ဖော်ပြသည်။

ယင်းနိ ညည့် (၇) နာရီအချိန်ခန့်အရောက်တွင် ယာယီတဲထဲ၌ မမချေ လဲလျောင်းနီစဉ် ဦးမောင်အေးလှသည် တဲထဲသို့ဝင်လာပြီး မမချေ၏ ခန္ဓာကိုယ်အား လာစမ်းသဖြင့် ကြောက်လန့်ကာ တဲထဲမှထွက်ပြီး မီးဖို၌ ညည့် (၁၂) နာရီအထိ မီးလှုံ၍ ထိုင်နီစဉ် ဦးမောင်အေးလှမှ ၎င်းထံသို့ ရောက်ဟိလာပြီး တဲ၌ အိပ်ရန် အတင်းဆွဲခေါ်ရာ မလိုက်သဖြင့် မမချေ၏ ခန္ဓာကိုယ်အား အတင်းရွက်ကာ တဲထဲသို့ဆွဲသွင်းစဉ် ရုန်းကန်သဖြင့် လွှတ်ချခသည်ဟု ဆိုသည်။

ယင်းနောက် ဦးမောင်အေးလှက မီးဖိုဘေး၌ ထိုင်ကာ မမချေအား တဲထဲမှ ဆီးလိပ်တလိပ် ယူပီးရန် ခိုင်းသဖြင့် ဆီးလိပ်ယူရန် တဲသို့လားစဥ် တဲထဲအရောက်၌ ဦးမောင်အေးလှ နောက်မှလိုက်လာပြီး မမချေအား တိုးလှဲကာ ၎င်းကိုယ်ပေါ်မှ တက်ခွလျက် မမချေ၏ ဘောင်းဘီကို အတင်းဆွဲချွတ်ရာ ရုန်းထွက်ပါသော်လည်း အင်အားချင်းမမျှ၍ ရုန်းမထွက်နိုင်ခဘဲ သားမယားအဖြစ် (၁၅) မိနစ်ခန့် အတင်းအဓမ္မပြုကျင့်ခံခရသည်ဟု ဖော်ပြထားသည်။

၎င်းမာ ကြောက်လည်းကြောက်၊ ရှက်လည်းရှက်ကာ မိဖများအား မည်ကဲ့သို့ ရင်ဆိုင်ရမည်ကို စဉ်းစားပြီး အိပ်ယာထဲ ဘေးတစောင်းလဲနီစဉ် ဦးမောင်အေးလှက ၎င်းအားနောက်ဖက်မှ သိုင်းဖက်ပြီး ဓမ္မတာနန့်ဆန့်ကျင်၍ ၎င်း၏စအိုပေါက် အား နောက်ထပ်တကြိမ် အဓမ္မပြုကျင့်ခကြောင်း ဆိုသည်။
❤6👍2
September 2, 2026 1.1K 1