သာလီစွ ညဇာဖက်ပါ .. ရက္ခိုင်သက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဝါခေါင်လပြည့်ကျော်… — Arakan Princess Media — TG.ME

သာလီစွ ညဇာဖက်ပါ  ..                                             
 
ရက္ခိုင်သက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဝါခေါင်လပြည့်ကျော်  (၅) ရက် ၊ ခရစ်နှစ် ၂၀၂၆ ခုနှစ်၊ စပ်တမ်ဘာ ( ၂ ) ရက်၊ Arakan Princess Media ၏ ညဇာဖက်သတင်းအစီအစဉ် တိကိုတင်ဆက်ထုတ်လွှင့်ပီးလိုက်ပါရေ။
 
ဒေနိ ညဇာဖက်အစီစဉ်မာ  ဓညဦး  နန့်  မေယုစံ  ရို့ကသတင်းတိကိုတင်ဆက် ပီးထားကတ်စွာဖြစ်ပါရေ။
 
ဒေနိ ညဇာဖက်အစီအစဉ်မာ နားထောင်ကတ်ရဖို့  သတင်းတိကတော့ခါ −−−−
 
(၁)  အာရက္ခလောင်ပေါ် ပထမဆုကြေးကို ကျပ်သိန်း ၁၀၀၀ အထိ တိုးမြှင့်၊ ဆုပေါင်း ၄၉ ဆုအထိ တိုးလာရေ သတင်း၊
 
(၂)ကျောက်ဖြူအတွင်းဟိ စစ်ယှောင်အိမ်ထောင်စု ၁ထောင်ကျော်အတွက် မိတ္တာအဖွဲ့က ဆန်အပါအဝင် စားနက်ရိက္ခာ တိထောက်ပံ့ရေ သတင်းနန့်  
 
 (၃) အာရက္ခပြည်မာ မိုင်း နန့် စစ်ကျန်ဗုံးသီး ပေါက်ကွဲမှုကြောင့် (၈)လအတွင်း ဒေသခံ ပြည်သူ ၄၀ ယောက်လောက် သီဆုံးရေ ပြည်တွင်းသတင်း အပါအဝင် တခြားထူးခြားရေ ပြည်ပသတင်းတိ နန့် အားကဇတ် သတင်းတိကို တင်ဆက်ပီးထားပါရေ။ 
 
Arakan Princess Media ကထုတ်လွှင့်နီရေ အစီအစဉ်တိကို Telegram Channel  အပြင် YouTube  ,Facebook ရို့မာဝင်ရောက်နားထောင်နိုင်ပြီးကေ မြီပြင်မာ လီလှိုင်းထက်ကလည်း FM Frequency 90.30 MHz က ဖမ်းယူနားထောင်နိုင်ပါရေ။
 
Arakan Princess Media ၏ အစီအစဉ်တိကို နိစဉ် မိုးထဖက် (၈) နာရီနန့် ညဇာဖက် (၈) နာရီမာ ပုံမှန်ထုတ်လွှင့် တင်ဆက်ပီးနီပါရေ။
 
အာရက္ခပြည်သူ ပြည်သားရို့အားလုံး ဖီးအန္တရာယ် ကင်းဝီးကတ်ပါစီ။
#APM         
#  အာရက္ခမင်းသမီးသတင်းမီဒီယာ
#APMFM
===============   
YouTube Link: https://www.youtube.com/channel/UC2pqSWqtEsKY1Cxh-u-KelQ   
 
Telegram Channel Link: https://t.me/arakanprincess
👍6❤1🎉1
September 2, 2026 2.1K 2