အကယ်တန္တိ လူကုန်ကူးခံရသူသည် အချေသူငယ်၊ လူငယ်ဖြစ်ပါက သော်လည်းကောင်း၊ သို့မဟုတ် ကြီးလေးသော ထိခိုက်နစ်နာမှု သို့မဟုတ် သီဆုံးမှုစသည့် အခြေအနီများ ပါဝင်ပါက ထောင်ဒဏ်တသက်တကျွန်း (သို့မဟုတ်) အမြင့်ဆုံး ပြစ်ဒဏ်များအထိ ခံရနိုင်ပြီး ယခင်ကလည်း လူကုန်ကူးမှုဖြင့် ပြစ်ဒဏ်ကျခံဖူးသူသည် ယခုထပ်မံကျူးလွန်ပါက ဥပဒေတွင် ပြဋ္ဌာန်းထားသော အမြင့်ဆုံးပြစ်ဒဏ်ကို ချမှတ်ခံရမည် ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် လူကုန်ကူးရာ၌ အားပီးကူညီခြင်းနန့် ပူးပေါင်းကြံစည်ခြင်း ပြုလုပ်ပါက ထိုသူအား ပင်ရင်းပြစ်မှုကဲ့သို့ပင် တူညီသောထောင်ဒဏ်နန့် ငွေဒဏ်များ ချမှတ်နိုင်ကြောင်းလည်း ပြဋ္ဌာန်းထားဟိကြောင်း ထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြထားသည်။
ယင်းကြောင့် အာရက္ခဒေသနီ မိဖပြည်သူများနန့် လူငယ်မျိုးဆက်များအနီဖြင့် အတည်မပြုနိုင်သော ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်လျှောက်ထားခြင်းများ၊ ပွဲစားများ၏ မက်လုံးများကို သတိတရားလက်ကိုင်ထား၍ အထူးသတိပြု ယှောင်ယှားကတ်ပါရန် ထုတ်ပြန်ချက်၌ အထူးအလီးအနက် တိုက်တွန်းထားသည်။
Photo - အာရက္ခမှုခင်းနန့်ဆက်စပ်သတင်းများထုတ်ပြန်ရီးအဖွဲ့
8
1August 29, 2026 1.6K 4