ရန်သူ့လက်နက်ကိုယ့်လက်နက်ဖြစ်လာပါက အသုံးချနိုင်ဖို့ နောက်တန်းမှာလည်း… — The Voice Of Spring | နွေဦးအသံ | — TG.ME

◼️ရန်သူ့လက်နက်ကိုယ့်လက်နက်ဖြစ်လာပါက အသုံးချနိုင်ဖို့ နောက်တန်းမှာလည်း လေ့ကျင့်နေဟု ပဲခူး ပကဖ အသိပေး

‎၆ စက်တင်ဘာ ||| နွေဦးအသံ |||

ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်တွေအနေနဲ့ နောက်တန်းစခန်းတွေမှာ အနားယူနေချိန် အကြမ်းဖက်စစ်တပ်ရဲ့ စစ်လက်နက်ပစ္စည်းတွေ သိမ်းဆည်းရရှိတဲ့အခါ ပြန်လည်အသုံးပြုနိုင်ဖို့ သင်တန်းတွေဖွင့်လှစ်ပြီး အဆက်မပြတ်တက်‌ရောက်လျက်ရှိတယ်လို့ သိရပါတယ်။

ပကဖ ရဲဘော်တွေက တပ်စု၊ တပ်ဖွဲ့၊ တပ်စိပ်အလိုက် အခြေခံဆက်သွယ်ရေးသင်တန်း၊ အခြေခံလက်နက်ကြီးသင်တန်းနဲ့ ရုံးလုပ်ငန်းပိုင်းဆိုင်ရာသင်တန်းတွေကို အဆက်မပြတ် ဖွင့်လှစ်လုပ်ဆောင်လျက်ရှိကြောင်း အဆိုပါတပ်ဖွဲ့က စက်တင်ဘာ ၆ ရက်မှာ ဓာတ်ပုံမှတ်တမ်းအချို့နဲ့အတူ အသိပေးထားတာပါ။

ဒီသင်တန်းတွေဟာ တိုက်ပွဲတွေ ဖော်ဆောင်နိုင်ဖို့၊ သိမ်းဆည်းရရှိလာတဲ့ ရန်သူ့လက်နက်တွေကို ပြန်လည်အသုံးချပစ်ခတ်နိုင်ဖို့နဲ့ ဘယ်လို ဆက်သွယ်ရေးစက်အမျိုးအစားမဆို အသုံးပြုနိုင်ပြီး မိခင်တပ်ရင်းတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့အတွက် လေ့ကျင့်ပေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီလို နည်းပညာနဲ့ အချက်အလက်ဆိုင်ရာ လေ့ကျင့်မှုတွေဟာ အကြမ်းဖက် စစ်အုပ်စု ကျဆုံးရေးအတွက် အရေးပါတဲ့ တိုက်ခိုက်ရေး လုပ်ငန်းစဉ်တွေဖြစ်တယ်လို့ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က အသိပေးထားတာ တွေ့ရပါတယ်။

Photo | ပဲခူးခရိုင် ပကဖ

©The Voice of Spring
‎#thevoiceofspring
‎#WhatsHappeningInMyanmar
‎#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍16❤8
September 6, 2026 657