◼️စစ်ကိုင်းမှာ ပြည်သူထံမှအဓမ္မပိုက်ဆံတောင်းနေတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ရာ စကစ ၃ ဦးသေဆုံး
၄ စက်တင်ဘာ ||| နွေဦးအသံ |||
စစ်ကိုင်းမှာ လမ်းသွားလမ်းလာ ပြည်သူတွေဆီက အဓမ္မဆက်ကြေးကောက် ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့က စက်တင်ဘာ ၂ ရက်၊ မနက် ၉ နာရီ ၄၀ မိနစ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းမြို့ စစ်တပ်ရဲ့ တပ်မ ၃၃ မှ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)သို့ သွားတဲ့ စစ်ယာဉ်တန်းလုံခြုံရေးအတွက် ကုန်းရွာကျေးရွာ ရေမြောင်းဘောင်ရှေ့မှာရောက်နေပြီး လမ်းသွားလမ်းလာပြည်သူတွေထံမှ ပိုက်ဆံတောင်းနေတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး နေရာမှာတင် ပွဲချင်းပြီး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့က စက်တင်ဘာ ၄ ရက်မှာ ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားတာပါ။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကင်းပုန်းဝပ်နေတဲ့ စစ်အုပ်စုက အနီးပတ်ဝန်းကျင်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး အလောင်းလာကောက်ချိန်မှာလည်း အချိန်အတော်ကြာ လမ်းပိတ်ဆို့ စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
Video | လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
22
6
1September 4, 2026 669 1