ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ - PLF ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲနဲ့… — The Voice Of Spring | နွေဦးအသံ | — TG.ME

◼️ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ - PLF ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲနဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ ကျင်းပပြုလုပ်

၃ စက်တင်ဘာ ||| နွေဦးအသံ |||

ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ - PLF ရဲ့ အခြေခံ စစ်ပညာသင်တန်း ဆင်းပွဲနဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို စက်တင်ဘာ ၂ ရက်မှာ အောင်မြင်စွာကျင်းပခဲ့တယ်လို့ သိရပါတယ်။

အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၂၀၂၆) ကို PLF ဌာနချုပ်မှာ ၃ လတာဖွင့်လှစ်ခဲ့တာဖြစ်ပြီး သင်တန်းကာလမှတ်တမ်း ဓာတ်ပုံတွေနဲ့တကွ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ - PLF က ထုတ်ပြန်ထားတာပါ။

အခမ်းအနားကို PLF တာဝန်ရှိသူတွေနဲ့ ဧည့်သည်တော်တွေ တက်ရောက်ပြီး ထူးချွန်သူတွေကို ဆုချီးမြှင့်ခဲ့တဲ့အပြင် သင်တန်း ဖြစ်မြောက်ရေး ကူညီပေးခဲ့တဲ့ မဟာမိတ်တွေနဲ့ ပြည်သူလူထုကိုလည်း PLF က ကျေးဇူးတင်ကြောင်း ဖော်ပြထားပါတယ်။

PLF အနေနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးနဲ့ ဖိနှိပ်ခံ ပြည်သူလူထု လွတ်မြောက်ရေးအတွက် ခရီးဆုံးအထိ မဆုတ်မနစ် ဆက်လက် ချီတက်သွားမယ်လို့ ကတိပြုကြောင်း အသိပေးထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤20👍8🥰2
September 3, 2026 668