ရေဘေးသင့် ကျေးရွာ ၈ ရွာတွင် လျှပ်စစ်မီးပြန်လည်ရရှိ
ငဝန်ရေကာတာ တာဘောင်ကျိုးမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ဧရာဝတီတိုင်း လေးမျက်နှာနှင့် ဟင်္သာတမြို့နယ်တို့ရှိ ရေပြန်လည်ကျဆင်းသွားသော ကျေးရွာ ၈ ရွာတွင် လျှပ်စစ်မီး ပြန်လည်ရရှိပြီဖြစ်ကြောင်း သိရသည်။
လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန် ဩဂုတ် ၄ ရက်မှစ၍ ယာယီဖြတ်တောက်ထားခဲ့ခြင်းဖြစ်ပြီး ယခုအခါ စာရေးကွင်း၊ လဟာပ၊ တောင်ပို့တန်း၊ ကညင်ငူ၊ အုတ်ပုံ၊ လယ်ဦးစု၊ ငနုတ်ဆည်နှင့် သင်္ကန်းတောကျေးရွာတို့တွင် လျှပ်စစ်မီး ပြန်လည်ဖြန့်ဖြူးပေးနေပြီဖြစ်သည်။
TruthZoneOnline

27
7
3
1September 7, 2026 964 2