အောက်ပေါင်းလောင်းတမံ ရေပိုလွှဲမှ ပုံမှန်ရေကျော်စီးဆင်း၊ ကျေးရွာအချို့တွင် ရေဝင်
စက်တင်ဘာ ၈
စက်တင်ဘာ ၇ ရက် ည ၈ နာရီ တိုင်းတာချက်အရ အောက်ပေါင်းလောင်းတမံ ရေပိုလွှဲပေါ်ရှိ HED ၁၄ ချပ် လှဲထားပြီး ရေအမြင့် ၄ ဒသမ ၅၉ ပေဖြင့် ပုံမှန်ရေကျော်စီးဆင်းလျက်ရှိကြောင်း သိရသည်။ နဝင်းချောင်းရေကြောင့် ဆင်သေချောင်းနှင့် ပေါင်းလောင်းမြစ်ရေ ဆက်လက်မြင့်တက်လာနိုင်ကြောင်း သိရသည်။
ကြို့တန်းကျေးရွာရှိ အနိမ့်ပိုင်းတွင် ၂ ပေခန့်၊ အမြင့်ပိုင်းတွင် ၁ ပေခန့်နှင့် သာယာစုကျေးရွာတွင် ၁ ပေခန့် ရေဝင်ရောက်နေသော်လည်း လူနှင့်တိရစ္ဆာန် ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။ ဒေသခံများအနေဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ခြင်းနှင့် ပစ္စည်းများကို မြင့်မားသည့်နေရာများသို့ ရွှေ့ပြောင်းထားရှိခြင်းများ ဆောင်ရွက်ထားကြောင်း သိရသည်။
TruthZoneOnline
24
6
3
1
1September 8, 2026 879 1



