စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် ကျေးရွာနေပြည်သူများအား… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် ကျေးရွာနေပြည်သူများအား Pfizer ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခဲ့

စက်တင်ဘာ (၈) ရက်


စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ‌ပန်းရံကျေးရွာ(ခွန်တောင်းကြီး RHC) အုပ်ချုပ်ရေးမှုး၏စီစဉ်မှုဖြင့် ခွန်တောင်းကြီး ကျေးလက်ကျန်းမာရေးဌာနမှ တာဝန်ကျအမျိုးသမီးကျန်းမာရေးဆရာမကြီးနှင့် သားဖွားဆရာမတို့သည် အ‌ခြေခံပညာအထက်တန်းကျောင်းခွဲ(ပန်းရံ)တွင် ကျေးရွာနေပြည်သူများအား Pfizer ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခဲ့‌ကြောင်းသိရသည်။

ထိုသို့ ကာကွယ်‌ဆေးထိုးနှံ‌ပေးရာတွင် အခြေခံပညာကျောင်းရှိ ဆရာ၊ ဆရာမများမှ စာရင်းရေးသွင်းခြင်း၊ ဆေးထိုးရာတွင်ကူညီခြင်းများဆောင်ရွက်‌ပေးခဲ့ပြီး အသစ်ထိုးနှံသူ(၂၀၀)ဦး၊ ထပ်ဆောင်းထိုးနှံသူ(၁,၃၀၀)ဦး၊ စုစုပေါင်း(၁,၅၀၀)ဦးအား ထိုးနှံပေးခဲ့‌ကြောင်း သိရသည်။

TruthZoneOnline
👍29❤3👏3🥰1🏆1
September 8, 2026 669 1