ပဲခူးတွင် ၂၀၂၆ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကျင်းပ… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

ပဲခူးတွင် ၂၀၂၆ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကျင်းပ

စက်တင်ဘာ ၈

၂၀၂၆ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး လူမှုရေးရာဝန်ကြီး ဒေါက်တာထူးခြားအောင်က UNESCO ညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားခဲ့ကာ အထိမ်းအမှတ် Video Clip ပြသခဲ့သည်။

ထို့နောက် ပဲခူးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အထက-မြို့အနောက်(ခ)တို့မှ ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

TruthZoneOnline
👍18❤5🥰1👏1
September 8, 2026 747 1