တာချီလိတ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပွား
စက်တင်ဘာ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် စက်တင်ဘာ ၆ ရက် ညပိုင်းမှစ၍ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ စီးဝင်လာသဖြင့် စက်တင်ဘာ ၇ ရက် နံနက်ပိုင်းတွင် တာလော့၊ ဆန်ဆိုင်း(က)၊ ဆန်ဆိုင်း(ခ)၊ ပုန်းထွန်နှင့် မယ်ခေါင်ရပ်ကွက်များအပါအဝင် မြေနိမ့်ပိုင်းနေရာအချို့တွင် ရေဝင်ရောက်ကာ သွားလာရေးအခက်အခဲများ ဖြစ်ပေါ်ခဲ့သည်။
ပုန်းထွန်ဇလဗေဒတိုင်းတာရေးစခန်း၏ နံနက် ၉ နာရီတိုင်းထွာချက်အရ မယ်ဆိုင်ချောင်းရေသည် ၄၆၄ စင်တီမီတာအထိ မြင့်တက်ခဲ့ပြီး ညနေ ၄ နာရီတွင် ရေပြန်လည်ကျဆင်းလာသဖြင့် မြေနိမ့်ပိုင်းလမ်းအချို့၌သာ ရေကျန်ရှိတော့ကြောင်း သိရသည်။
ရေကြီးရေလျှံမှုအခြေအနေများကို တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာနများက ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည့် ကြိုတင်ကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အသင့်ပြင်ဆင်ဆောင်ရွက်ထားကြောင်း သိရသည်။
TruthZoneOnline
13
3
1
1September 7, 2026 653 2




