ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် လေးမျက်နှာမြို့နယ်နှင့် ဟသ်ာတမြို့နယ်တို့မှ ရေဘေးသင့်ပြည်သူများအား UID များပေးအပ်၊ ဆန်အိတ်များထောက်ပံ့
စက်တင်ဘာ ၇
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် လေးမျက်နှာမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအားတွေ့ဆုံ အားပေးစကားပြောကြားပြီး လမင်းစီမံချက်ဖြင့်ဆောင်ရွက်ပေးနေသည့် နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့်UIDတို့ကိုပြည်သူများလက်ဝယ်အရောက်ပေးအပ်ခဲ့သည်။ ထို့နောက် ဆန်အိတ်များ ထောက်ပံ့ပေးအပ်ပြီး ဝန်ထမ်းများအတွက် လိုအပ်သည့် ထောက်ပံ့ပစ္စည်းများကိုလည်း ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် ဟသ်ာတမြို့နယ်၌ ရေဘေးသင့်ပြည်သူများကိုတွေ့ဆုံ အားပေးစကားပြောကြားကာ လမင်းစီမံချက်ဖြင့်ဆောင်ရွက်ပေးနေသည့် နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့်UIDတို့ကိုပြည်သူများလက်ဝယ်အရောက်ပေးအပ်ခဲ့သည်။ ထို့နောက် ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခဲ့ပြီး တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအတွက်လည်း လိုအပ်သည့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
TruthZoneOnline
4September 7, 2026 139









