ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ကျုံပျော်နှင့် ရေကြည်မြို့နယ်တို့မှ ရေဘေးသင့်ပြည်သူများအား UID များပေးအပ်၊ ဆန်အိတ်များထောက်ပံ့
စက်တင်ဘာ ၇
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည်ကျုံပျော်မြို့နယ်ရှိ ရေဘေးသင့်ပြည်သူများကိုတွေ့ဆုံ အားပေးစကားပြောကြားပြီးလမင်းစီမံချက်ဖြင့်ဆောင်ရွက်ပေးနေသည့် နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့်UIDတို့ကိုပြည်သူများလက်ဝယ်အရောက်ပေးအပ်ခဲ့သည်။ထို့နောက်ရေဘေးသင့်ပြည်သူများအား ဆန်အိတ်များထောက်ပံ့ပေးအပ်ခဲ့ပြီး တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစည္စ်းများပေးအပ်ခဲ့သည်။
အဲ့ဒီနောက် ပြည်ထောင်စုဝန်ကြီးသည် ရေကြည်မြို့နယ်၌ ရေဘေးသင့်ပြည်သူများကိုအားပေးစကားပြောကြားကာ လမင်းစီမံချက်ဖြင့်ဆောင်ရွက်ပေးနေသည့် နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့်UIDတို့ကိုပြည်သူများလက်ဝယ်အရောက်ပေးအပ်ခဲ့သည်။ ထို့နောက် ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခဲ့ပြီး ရေဘေးကာလအတွင်း တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအတွက်လည်း လိုအပ်သည့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
TruthZoneOnline
3September 7, 2026 144









