မိုင်ယာမီလေဆိပ်တွင် Amazon ကုန်တင်လေယာဉ် ပြေးလမ်းချော်၊ ၅ ဦးသေဆုံး… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

မိုင်ယာမီလေဆိပ်တွင် Amazon ကုန်တင်လေယာဉ် ပြေးလမ်းချော်၊ ၅ ဦးသေဆုံး

စက်တင်ဘာ ၇

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် မိုင်ယာမီအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Amazon Prime Air အတွက် ပြေးဆွဲသည့် Boeing 767-300 ကုန်တင်လေယာဉ်တစ်စင်း စက်တင်ဘာ ၆ ရက်က ဆင်းသက်စဉ် ပြေးလမ်းချော်ကာ မြေပြင်ရှိ မော်တော်ယာဉ်များကို ဝင်တိုက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။

မတော်တဆမှုကြောင့် အနည်းဆုံး ၅ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကာ လေဆိပ်တွင် လေယာဉ်ပြေးဆွဲမှုများ နာရီပေါင်းများစွာ ရပ်ဆိုင်းခဲ့ရသည်။ ဖြစ်စဉ်ဖြစ်ပွားရသည့် အကြောင်းရင်းကို အမေရိကန် NTSB နှင့် FAA တို့က ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

TruthZoneOnline
🤔8😱7👍3👏3😢1
September 7, 2026 728 2 1