အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲမှုကြောင့် ခရီးသည် ၁၇၀,၀၀၀ ကျော်… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲမှုကြောင့် ခရီးသည် ၁၇၀,၀၀၀ ကျော် သောင်တင်

စက်တင်ဘာ ၇

အင်ဒိုနီးရှားနိုင်ငံတွင် အနက်ခ် ခရတ်ကာမီးတောင် ပေါက်ကွဲပြီး မီးတောင်ပြာများ လေထုအတွင်း ပျံ့နှံ့နေခြင်းကြောင့် ဂျကာတာမြို့ရှိ အဓိကနိုင်ငံတကာလေဆိပ်တွင် လေယာဉ်ခရီးစဉ်များကို ယာယီရပ်ဆိုင်းထားပြီး ဒေသတွင်းလေဆိပ်ငယ် ၈ ခုကိုလည်း ပိတ်ထားရကြောင်း သိရသည်။

လေယာဉ်ခရီးစဉ် ရာနှင့်ချီ ဖျက်သိမ်းခဲ့ရသဖြင့် ခရီးသည် ၁၇၀,၀၀၀ ကျော် လေဆိပ်များတွင် သောင်တင်နေကြောင်း သိရသည်။ အနက်ခ် ခရတ်ကာမီးတောင်သည် သောကြာနေ့မှစ၍ ပေါက်ကွဲနေခြင်းဖြစ်ပြီး ၁၈၈၃ ခုနှစ်က အလွန်ပြင်းထန်စွာ ပေါက်ကွဲခဲ့သည့် ခရတ်ကာမီးတောင်ပေါက်ကွဲမှုအပြီး ပေါ်ပေါက်လာသည့် မီးတောင်အသစ်တစ်ခု ဖြစ်ကြောင်း သိရသည်။

TruthZoneOnline
👍25😢8❤1🙏1👌1
September 7, 2026 408