ပဲခူးတိုင်းဝန်ကြီးချုပ် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၈/၂၀၂၆… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

ပဲခူးတိုင်းဝန်ကြီးချုပ် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၈/၂၀၂၆ ဖွင့်ပွဲတက်ရောက်

စက်တင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ် နယ်မြေခံသင်တန်းကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၈/၂၀၂၆) သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ်တို့က သင်တန်းသားများအား ဂုဏ်ပြုနှုတ်ဆက်စကား ပြောကြားပြီး ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ ထို့အပြင် တာဝန်ရှိသူများနှင့် သင်တန်းသားများအတူ နံနက်စာသုံးဆောင်ကာ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။

TruthZoneOnline
👍17❤7🤔1
September 8, 2026 642 1 1