ရန်ကုန် – မန္တလေး အမြန်လမ်းမတွင် ကားအငှားဝန်ဆောင်မှု လုပ်ကိုင်သူအား သတ်ဖြတ်သည့် အမျိုးသားအား ဖမ်းဆီးရမိ
စက်တင်ဘာ ၈ ရက်
ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၇၉/၁) မိုင်အနီးတွင် ကားအငှားဝန်ဆောင်မှု လုပ်ကိုင်သူအား သတ်ဖြတ်သည့် အမျိုးသားအား အချိန်တိုအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာ နေထိုင်သည့် ကားအငှားဝန်ဆောင်မှု လုပ်ကိုင်သူ ဦးဝင်းကို (၃၄ နှစ်)ထံ အမျိုးသားတစ်ဦးက နေပြည်တော်မှ မိတ္တီလာသို့ ကားငှားခဲ့သဖြင့် သွားရောက်ပို့ဆောင်စဉ် စက်တင်ဘာ ၆ ရက် ညနေပိုင်း အချိန်တွင် မိဘများက ဖုန်းဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေကြားသူမှာ ၎င်းတို့၏ သားအသံ မဟုတ်ဘဲ အခြား အမျိုးသားတစ်ဦးမှ ဖုန်းလက်ခံဖြေကြားခဲ့ကြောင်း၊ ထိုနောက် ဖုန်းအား စက်ပိတ်သွားခဲ့ကြောင်း၊ ထို့ကြောင့် မိဘများမှ မိတ္တီလာမြို့ ရဲတပ်ဖွဲ့မှူးထံသို့ ဆက်သွယ်အကူအညီတောင်းခံခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက စုံစမ်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ညနေ ၅ နာရီခွဲကျော်တွင် အမြန်လမ်း မိုင်တိုင် (၂၇၉/၁) အနီး လမ်းဘေး ပေ ၃၀၀ ကျော်အကွာ၌ ဦးခေါင်းနှင့် မျက်လုံးတို့တွင် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အသက် (၃၀)ဝန်းကျင် အမျိုးသား အလောင်းအား နွားကျောင်းသားတစ်ဦးမှ တွေ့ရှိခဲ့ဖြင့် တာဝန်ရှိသူများမှ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ဦးဝင်းကို ၃၄ နှစ် ဖြစ်သူသည် အတည်ပြုနိုင်ကြောင်း သိရသည်။
သေဆုံးသူမှာ ဦးခေါင်းခွံ ပေါက်ပြဲဒဏ်ရာ၊ ယာဘက်မျက်လုံး ညိုမဲဖူးရောင်ဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ပြီး၊ သေဆုံးသူ၏ 9Q/4825 Hyundai Accent ကားအဖြူရောင်မှာလည်း ပျောက်ဆုံးနေကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူများအား အမြန်ဆုံး ဖမ်းဆီးနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လိုအပ်သည်များကို စုံစမ်းဖော်ထုတ်ခဲ့ရာ ကျူးလွန်သူမှာ အသက် (၂၀)ကျော် အရွယ်ရှိ ရဲရင့်အောင် ဆိုသူဖြစ်ပြီး နေပြည်တော်တွင် နေထိုင်သူဖြစ်ကြောင်း၊ လက်ရှိ မိတ္တီလာမြို့ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
TruthZoneOnline

32
11
6
2
2
1
1September 8, 2026 1.2K 2 1