🇲🇲 Truth Zone Online 🇲🇲: post #36088 — TG.ME

ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် တီးတိန်မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

စက်တင်ဘာ ၇

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်နှင့်အဖွဲ့သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဖလမ်းမြို့မှ ယာဉ်တန်းဖြင့် ထွက်ခွာလာပြီး ယမန်နေ့မွန်းလွဲပိုင်းတွင် တီးတိန်မြို့သို့ ရောက်ရှိခဲ့သည်။ ထို့နောက် တွန်းဇံမြို့အတွက် ပေးပို့ထားသည့် ဆက်သွယ်ရေးစက်ပစ္စည်းများ ရောက်ရှိနေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ အကြမ်းဖက်ဖြစ်စဉ်များကြောင့် တီးတိန်မြို့အတွင်း ထိခိုက်ပျက်စီးမှုများကို မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှောင်စောန်းစံပြကျေးရွာသို့ ရောက်ရှိကာ မိုးလင်းဆရာတော်နှင့် ရပ်မိရပ်ဖများကို တွေ့ဆုံအားပေးစကားပြောကြားခဲ့သည်။ ထို့အပြင် ချင်းရိုးရာနေအိမ်၊ အဝတ်အထည်နှင့် အသုံးအဆောင်များကို လေ့လာကြည့်ရှုကာ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

TruthZoneOnline
👍18🥰5❤2