ကလေးမြို့ ရေဘေးသင့်ပြည်သူ ၈၁၃ ဦးအား စားသောက်ဖွယ်ရာများ ပေးအပ်… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

ကလေးမြို့ ရေဘေးသင့်ပြည်သူ ၈၁၃ ဦးအား စားသောက်ဖွယ်ရာများ ပေးအပ်

စက်တင်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးနှင့် တာဝန်ရှိသူများသည် စက်တင်ဘာ ၅ ရက်က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကလေးမြို့ရှိ ယာယီနေအိမ်စွန့်ခွာထားရသည့် အိမ်ထောင်စု ၁၉၀၊ လူဦးရေ ၈၁၃ ဦးအား ဆန်၊ ဆီ၊ ဆား၊ စားသောက်ဖွယ်ရာနှင့် ရေသန့်များ ပေးအပ်ခဲ့သည်။

ဝန်ကြီးချုပ်က ရေဘေးအန္တရာယ် လျော့ပါးရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း၊ ရေလွတ်ရာရွှေ့ပြောင်းခြင်း၊ ကျန်းမာရေးဂရုစိုက်ခြင်းနှင့် ရောဂါကာကွယ်ရေးတို့ ဆောင်ရွက်ရန် မှာကြားခဲ့ပြီး ပြည်သူများ၏ တင်ပြချက်များကိုလည်း ဖြည့်ဆည်းပေးခဲ့သည်။

ထို့နောက် မြစ်သာမြစ်နှင့် နေရဥ္ဇရာချောင်း ရေကြီးမှုကြောင့် ရေဝင်ရောက်ခဲ့သည့် အောင်မြေမာန်၊ ညောင်ပင်သာ၊ မင်္ဂလာဥယျာဉ်ရပ်ကွက်နှင့် ဖောင်ကူးကျေးရွာတို့တွင် ရေပြန်လည်ကျဆင်းနေမှုနှင့် ကလေး-ကျီကုန်း-ကလေးဝကားလမ်း ရေတိုက်စားပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးကာ အချိန်မီပြုပြင်ရန် မှာကြားခဲ့ကြောင်း သိရသည်။

TruthZoneOnline
❤18👍7👏7🥰1
September 6, 2026 806 1