တနင်္သာရီမြို့နယ် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့/ကယ်ဆယ်ရေးပစ္စည်းပေးပြီး ပြန်လာသည့်အဖွဲ့အား အကြမ်းဖက် ပစ်ခတ်ခံရပြီး တစ်ဦးဒဏ်ရာ ပြင်းထန်ရရှိခဲ့
တနင်္သာရီ စက်တင်ဘာ ၇
တနင်္သာရီမြို့နယ် ရေဘေးသင့်ပြည်သူများအား အခြေခံစားသောက် ကုန်များ၊ ထောက်ပံ့ပစ္စည်းများ၊ ကယ်ဆယ်ရေးပစ္စည်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ဆောင်ရွက်ခဲ့သည့် မြိတ်ခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့သည် ယမန်နေ့ ညနေပိုင်းက တနင်္သာရီမြို့မှ မြိတ်မြို့သို့ အပြန်တွင် အကြမ်းဖက် လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်ခံရပြီး တစ်ဦးဒဏ်ရာ ပြင်းထန်ရရှိခဲ့သည်။
ဖြစ်စဉ်မှာ ရေဘေးသင့်ပြည်သူများအား မြိတ်ခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ သည် လုပ်ငန်းများဆောင်ရွက်ပြီး တနင်္သာရီမြို့မှ မော်တော်ယာဉ်များဖြင့် မြိတ်မြို့သို့အပြန် တနင်္သာရီ မြို့နယ် ရမ်းဖိုကျေးရွာ အထွက် ကမ်းတိုကျေးရွာ လမ်းကွေ့နေရာအရောက်တွင် ကမ်းတိုကျေးရွာ ရွာဟောင်း မြစ်တစ်ဖက်ကမ်းနေရာမှ အကြမ်းဖက်အဖွဲ့မှ လက်နက်များဖြင့် အကြမ်းဖက် ပစ်ခတ်ခံခဲ့ရပြီး မြိတ်ခရိုင် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်တစ်ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့ခြင်းဖြစ်သည်။
ဒဏ်ရာပြင်းထန်ရရှိခဲ့သူမှာ ဝဲဘက် လက်မောင်း ကျည်ဖောက်ဝင်/ဖောက်ထွက်၊ ဝဲနံစောင်း ဖောက်ဝင်(၁)ချက် (စိုးရိမ်ရ)ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မြိတ်မြို့ရှိ အမှတ်(၅/၁၀ဝ)တပ်မတော်ဆေးရုံ အရေး ပေါ်ကုသဆောင်တွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူခဲ့ပြီး ယနေ့တွင် မြိတ်ပြည်သူ့ဆေးရုံ အရေး ပေါ်ကုသဆောင်တွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
TruthZoneOnline

20
3
3
3September 7, 2026 114