လွိုင်ကော်တွင် လူငယ်စင်တာအဆောက်အအုံသစ် တည်ဆောက်
စက်တင်ဘာ ၆
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်နှင့် တာဝန်ရှိသူများသည် စက်တင်ဘာ ၅ ရက်က လွိုင်ကော်လေဆိပ် ကန္ဒရဝတီလမ်းတစ်လျှောက် သန့်ရှင်းရေး၊ ထေးသမရေစုကန် ပြန်လည်တူးဖော်ရေးနှင့် လူငယ်စင်တာအဆောက်အအုံသစ် တည်ဆောက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
လွိုင်ကော်လေဆိပ်၌ သန့်ရှင်းရေးလုပ်ငန်းများနှင့် လေဆိပ်အတွင်း လုံခြုံရေးစစ်ဆေးရေးဆောင်၊ ထွက်ခွာဆောင်နှင့် နားနေဆောင်များကို စစ်ဆေးခဲ့ပြီး ထေးသမရေစုကန်တွင် လူအင်အား၊ စက်ယန္တရားများဖြင့် ပြန်လည်တူးဖော်ခြင်းနှင့် ကန်ပတ်လမ်းရှင်းလင်းခြင်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုကာ လိုအပ်သည်များ မှာကြားခဲ့သည်။
ထို့နောက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်နေသည့် အလျား ၁၂၀ ပေ၊ အနံ ၄၀ ပေ RC သုံးထပ် လူငယ်စင်တာကို စစ်ဆေးပြီး အချိန်မီပြီးစီးရေးနှင့် အရည်အသွေးပြည့်မီရေး မှာကြားခဲ့သည်။ လူငယ်စင်တာတွင် အစည်းအဝေး၊ ဟောပြောပွဲ၊ စာကြည့်တိုက်၊ ကွန်ပျူတာ၊ စက်မှုလက်မှု၊ အားကစား၊ ပန်းချီ၊ ဂီတနှင့် အနုပညာခန်းများ၊ အိပ်ဆောင်နှင့် ရုံးခန်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
TruthZoneOnline
14
14
2
1September 6, 2026 820



