ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် မကွေးတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် မကွေးတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

စက်တင်ဘာ ၆

အောက်တိုဘာ ၁ ရက်တွင် ကျရောက်မည့် (၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများသည် စက်တင်ဘာ ၅ ရက်က မကွေးမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းနှင့် ဖန်ခါးမြေဘိုးဘွားရိပ်သာတို့၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

အမှတ်(၃) ကျောင်းတွင် ရဲတပ်ဖွဲ့ဝင် ၁၇၀ က ကျောင်းဝင်းအတွင်း ပေါင်းမြက်၊ ချုံနွယ်များရှင်းလင်းခြင်း၊ ရေမြောင်းများသန့်ရှင်းခြင်းနှင့် အမှိုက်များ စနစ်တကျသိမ်းဆည်းခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။ ဘိုးဘွားရိပ်သာတွင်လည်း ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုအဖွဲ့အစည်းများက စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြသည်။

ထို့နောက် ဝန်ကြီးချုပ်က ရိပ်သာရှိ အဘိုး ၈ ဦး၊ အဘွား ၁၆ ဦးအား တွေ့ဆုံအားပေးစကားပြောကြားကာ တစ်ဦးလျှင် ငွေကျပ် ၃၀,၀၀၀ နှင့် အာဟာရစားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပြီး ရိပ်သာအတွက် အလှူငွေကျပ် သိန်း ၂၀ လှူဒါန်းခဲ့ကြောင်း သိရသည်။

TruthZoneOnline
❤12👍12🙏2🫡1
September 6, 2026 776 1