အောင်ပန်းကုန်စည်ဈေးကွက်တွင် မုံညှင်း၊ ရွှေပဲနှင့် ကြက်သွန်နီ ဈေးနှုန်းမြင့်တက်
ဩဂုတ် ၃၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့ရှိ ကုန်စည်ဈေးကွက်တွင် ဩဂုတ် ၃၁ ရက် မနက်ခင်းဈေးကွက်အခြေအနေအရ မုံညှင်း၊ ရွှေပဲနှင့် ကြက်သွန်နီတို့ ဈေးနှုန်းမြင့်တက်နေပြီး ကုန်စည်အချို့မှာ ဈေးအလယ်အလတ်တွင်ရှိကာ အချို့မှာ ဈေးနှုန်းကျဆင်းနေကြောင်း သိရသည်။
လက်ရှိဈေးနှုန်းများအရ မုံညှင်း တစ်ပိဿာ ၁,၆၀၀ ကျပ်၊ ရွှေပဲရှယ်စ တစ်ပိဿာ ၁၄,၀၀၀ ကျပ်၊ အလတ်စ ၁၂,၀၀၀ ကျပ် နှင့် ကြက်သွန်နီအသစ် တစ်ပိဿာ ၄,၅၀၀ ကျပ်မှ ၆,၅၀၀ ကျပ်အထိ ရှိနေကြောင်း သိရသည်။
TruthZoneOnline

27
4
2August 31, 2026 827 1 1