နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) ကျောင်းသား၊ ကျောင်းသူများ၏… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) ကျောင်းသား၊ ကျောင်းသူများ၏ လက်တွေ့ကျွမ်းကျင်မှုစွမ်းရည်ပြ Innovative Projects Exhibition 2026 အခမ်းအနားကျင်းပ

ဩဂုတ် ၃၁

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)တွင် ကျောင်းသား၊ ကျောင်းသူများ၏ လက်တွေ့ကျွမ်းကျင်မှုစွမ်းရည်ပြ Innovative Projects Exhibition 2026 အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက  မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ် နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)ရှိ  ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)တွင် ကျောင်းသား၊ ကျောင်းသူများ၏ လက်တွေ့ကျွမ်းကျင်မှုစွမ်းရည်ပြ Innovative Projects Exhibition 2026 အခမ်းအနားကို တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်ပြီး  မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး  ဒေါက်တာလှကြွယ်က အမှာစကားပြောကြားပြီး အမှတ်ပေးဒိုင်အဖွဲ့နှင့်မိတ်ဆက်ခြင်း၊ မေဂျာအလိုက်ဆောင်ရွက်ထားသည့် Project များ မိတ်ဆက်ပေးခြင်းနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး တာဝန်ရှိသူများနှင့်ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများက Project များ ခင်းကျင်းပြသထားမှုအား လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် Innovative Project Exhibation-  2026  ပြိုင်ပွဲ အခမ်းအနားအစီအစဉ် ဒုတိယပိုင်း ဆက်လက်ကျင်းပပြုလုပ်ရာ အခမ်းအနားဖွင့်လှစ်ကြောင်းကြေညာပြီး Inriovative Project Exiibation- 2026 ပြိုင်ပွဲ  Results များကြေညာခြင်း၊ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြ  ကြောင်း သိရှိရသည်။

TruthZoneOnline
👍21❤8👏3
August 31, 2026 922 1
နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) ကျောင်းသား၊ ကျောင်းသူများ၏… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME