ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးအတွက် “ထာဝရဘုရားထံ… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးအတွက် “ထာဝရဘုရားထံ ပြန်လည်ဆက်ကပ်အပ်နှံခြင်း ဆုတောင်းပွဲ” ကျင်းပ

ဩဂုတ် ၂၉

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးသည် ဩဂုတ် ၂၉ ရက်က ဖလမ်းနှစ်ခြင်းအသင်းတော်၌ ကျင်းပသည့် “ထာဝရဘုရားထံ ဖလမ်းမြို့ ပြန်လည်ဆက်ကပ်အပ်နှံခြင်း ဆုတောင်းပွဲ” အခမ်းအနားသို့ တက်ရောက်၍ အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ယခင်က အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် ဖလမ်းမြို့ဒေသခံများသည် ယခုနှစ် မေလ ၆ ရက်မှစ၍ နေရပ်သို့ ပြန်လည်ဝင်ရောက်နေထိုင်လာကြပြီး ဖလမ်းမြို့ အေးချမ်းသာယာကာ ပြန်လည်ဖွံ့ဖြိုးစည်ကားလာစေရေးအတွက် ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် ဖလမ်းမြို့ ပြန်လည်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆုတောင်းပွဲကို ဝမ်းမြောက်ဝမ်းသာစွာ ကျင်းပခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

TruthZoneOnline
👍33❤4👏2
August 31, 2026 832 2 1