တောင်ငူတွင် ဆီဘောက်ဆာယာဉ်နှင့် ကွန်တိန်နာယာဉ် တိုက်မိပြီး… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

တောင်ငူတွင် ဆီဘောက်ဆာယာဉ်နှင့် ကွန်တိန်နာယာဉ် တိုက်မိပြီး ဆီဘောက်ဆာယာဉ် မီးလောင်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် စက်တင်ဘာ ၁ ရက် နံနက် ၅ နာရီ ၅၅ မိနစ်ခန့်က ရန်ကုန်မှ မန္တလေးသို့ မောင်းနှင်လာသော ဆီဘောက်ဆာယာဉ်နှင့် မန္တလေးမှ ရန်ကုန်သို့ မောင်းနှင်လာသော ကွန်တိန်နာယာဉ်တို့ တိုက်မိခဲ့ပြီး ဆီဘောက်ဆာယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်ကြောင့် တောင်ငူမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂ စီးနှင့် မီးသတ်ရေသယ်ယာဉ် ၂ စီးဖြင့် ထွက်ခွာ၍ မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ ၃၀ မိနစ်တွင် မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။

TruthZoneOnline
👍16😱9🙏5❤2🤔1
September 1, 2026 845 2