မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်-မန္တလေးရထားလမ်း… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်-မန္တလေးရထားလမ်း ရေကျော်သဖြင့် DEMU ရထား ခေတ္တရပ်နားခဲ့ရ

ဩဂုတ် ၃၁

ရန်ကုန်-မန္တလေး ရထားလမ်းပေါ်၌ သြဂုတ် ၃၁ ရက် က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇေယျဝတီမြို့နှင့် ညောင်ခြေထောက်မြို့အနီးရေကျော်မှုဖြစ်ပေါ်ခဲ့ပြီး DEMU ရထားတစ်စီး ခေတ္တရပ်နားခဲ့ရ‌ ကြောင်းမြန်မာ့မီးရထားမှ သိရသည်။

ယင်းမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်-မန္တလေးရထားလမ်း ရေကျော်သဖြင့် DEMU ရထား ခေတ္တရပ်နားခဲ့ရပြီး ယနေ့ညနေ ၅ နာရီကျော်တွင် ပြန်လည်ထွက်ခွာခဲ့ရသည်။

အလားတူ မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ရေကျော်လွန်ခဲ့ပြီး သတိထားမောင်းနှင်ကြရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ သတိပေးထုတ်ပြန်ခဲ့သည်။

TruthZoneOnline
👍30😱8❤2👏1😢1
September 1, 2026 1.1K 1 2