ကံကြီးမှ ထွက်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်း ဆောမြို့ရှိရာ တောင်ဘက်အရပ်သို့ ဦးတည်နေ၊ ပြည်သူများ စစ်ရေးသတိဖြင့် ရှောင်တိမ်းကြရန် လိုအပ်
မေ ၂၈၊ ၂၀၂၆
မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်အတွင်းရှိ ကံကြီးကျေးရွာတွင် ရောက်ရှိနေသော စစ်ကောင်စီစစ်ကြောင်းသည် ယနေ့နံနက်ပိုင်းတွင် ကြန်တောကျေးရွာကို ကျော်လွန်ကာ ဆောမြို့ရှိရာ တောင်ဘက်အရပ်သို့ ဦးတည်ချီတက်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် အင်အား ၃၀၀ ဝန်းကျင်ခန့်ရှိပြီး စစ်ကြောင်းနှင့်အတူ ကား တစ်စီးလည်း ပါဝင်ကြောင်း သိရသည်။ စစ်ကြောင်း၏ လက်ရှိစစ်ရေးလှုပ်ရှားမှုနှင့် ပတ်သက်၍ မည်သည့်နေရာအထိ ဆက်လက်စစ်ကြောင်းထိုးမည်ကို အတည်မပြုနိုင်သေးကြောင်း ဒေသခံများက ဆိုသည်။
စစ်ရေးအခြေအနေများ တင်းမာလာနိုင်သဖြင့် ဆောကျောက်ထု လမ်းပိုင်းအား အသုံးပြုသွားလာခြင်းများကို မပြုလုပ်ကြရန် လိုအပ်ပြီး လမ်းပိုင်းအနီးရှိ ကျေးရွာများမှ ပြည်သူများအနေဖြင့်လည်း လုံခြုံရေးအခြေအနေကို သေချာစောင့်ကြည့်ကာ ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းနိုင်ရန် ပြင်ဆင်ထားသင့်ကြောင်း သိရသည်။
ထို့အပြင် စစ်ကြောင်း၏ လက်နက်ကြီးပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သဖြင့် လမ်းပိုင်းတစ်လျှောက်နှင့် အနီးပတ်ဝန်းကျင်ရှိ ပြည်သူများအနေဖြင့် စစ်ရေးသတိ အမြဲထားရှိပြီး မလိုအပ်ဘဲ ခရီးသွားလာခြင်းများကို ရှောင်ရှားသင့်ကြောင်း၊ ဒေသတွင်း လုံခြုံရေးအခြေအနေများကို ဆက်လက်စောင့်ကြည့်ပြီး အထူးသတိပြုရန်လိုအပ်နေကြောင်း သိရပါသည်။
Aung Gyi
ယောအလင်းတန်း
4
1
1May 28, 2026 2.7K 3