ရိုဟင်ဂျာတွေအပါအဝင် မြန်မာပြည်သူအားလုံး လူ့အခွင့်အရေးချိုးဖောက်ခံရမှု တရားမျှတမှု ရှိစေရေး ဆက်ကြိုးပမ်းမယ်လို့ ဗြိတိန်နဲ့ ကနေဒါပြော
■စစ်အုပ်စုကို လက်တွေ့ကျတဲ့ အရေးယူမှု လုပ်ဖို့ အချိန်တန်နေပြီလို့ NUG ထုတ်ပြန်
ဩဂုတ်-၂၅၊၂၀၂၆။ထားမြတ်/People’s Spring
ရိုဟင်ဂျာအပါအဝင် မြန်မာပြည်သူအားလုံး လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုတွေ တ
ရားမျှတမှု ရှိစေရေး ဆက်လက် ကြိုးပမ်းသွားမယ်လို့ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ်ရက်စက်မှုကျူးလွန်တာကိုးနှစ်ပြည့်အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးအကြီးအကဲ Andrew Jackson ကဩဂုတ် ၂၅ရက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
“ယူကေအစိုးရအနေနဲ့ အစဥ်တစိုက် အခိုင်
အမာ ပြောကြားထားတဲ့အတိုင်း မြန်မာနိုင်ငံအတွင်းမည်သည့်နေရာဒေသတွင်မဆို ဖြစ်
ပွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများအ
တွက် တာဝန်ခံမှု၊ တရားမျှတမှု ရှိစေရန် ကု
လသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အပါအဝင် နိုင်ငံတကာမိတ်ဖက်များနဲ့ပူးပေါင်းကာ ဆက်
လက် ကြိုးပမ်းသွားမှာဖြစ်ပြီး၊ ရိုဟင်ဂျာအ
သိုက်အဝန်းများအပါအဝင် မြန်မာပြည်သူအားလုံးရဲ့ အခွင့်အရေးများနဲ့ ဂုဏ်သိက္ခာ မြှင့်တင်ကာကွယ်ရေးအတွက်ကိုလည်း ဆက်
လက် ကတိကဝတ်ပြု ဆောင်ရွက်သွားမှာဖြစ်ပါတယ်။"လို့ သံရုံးအကြီးအကဲကပြောကြားခဲ့တာပါ။
၂၀၁၇ ခုနှစ် သြဂုတ်လမှာ စစ်တပ်ကနယ်မြေ
ရှင်းလင်းရေးခေါင်းစဥ်နဲ့ ရိုဟင်ဂျာအသိုက်
အဝန်းတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေကျူးလွန်ခဲ့ခြင်းဟာ ကိုးနှစ်ရှိခဲ့ပြီဖြစ်ပေမဲ့ ရိုဟင်ဂျာအသိုက်အဝန်းများဟာ ယနေ့တိုင် နှိပ်စက်ညှဉ်းပန်းမှု၊ လွတ်လပ်စွာ သွားလာခွင့်နဲ့ အင်တာနက်အသုံးပြုခွင့်တွေအပေါ်ပြင်းထန်တဲ့ကန့်သတ်မှုများ၊ အတင်းအကျပ် စစ်သားစုဆောင်းမှုနဲ့ ကြီးမားတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေကို ဆက်လက် ရင်ဆိုင်နေကြရဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။
တရားမျှတမှု၊ တာဝန်ခံမှုနဲ့ ရိုဟင်ဂျာများကို မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအနာဂတ်မှာအပြည့်
အဝ ပါဝင်ခွင့်ပေးခြင်း မရှိဘဲ ရေရှည်တည်
တံ့တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ မဟုတ်ဘူးလို့လည်း သူပြောပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း လိုအပ်နေသူများအားလုံးထံ အကူအညီများရောက်ရှိနိုင်စေဖို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုလွယ်ကူစွာ ရောက်ရှိနိုင်ရေးဟာလည်း အရေးကြီးတဲ့ ဦးစားပေးကိစ္စတစ်ရပ် ဖြစ်တယ်လို့ ဆိုပါတယ်။
"စိန်ခေါ်မှုများစွာ ဆက်ရှိနေတာဟာ ဝမ်းနည်းစရာကောင်းပါတယ်။ ရိုဟင်ဂျာများနဲ့ အခြား လူနည်းစုအသိုက်အဝန်းများဆက်လက်ရင်
ဆိုင်နေရတဲ့ အကြမ်းဖက်မှုများ၊ ခွဲခြားဆက်
ဆံမှုများ၊ လိင်ပိုင်းဆိုင်ရာ နဲ့ ကျားမအခြေပြု အကြမ်းဖက်မှုများ အပါအဝင် အခြားသော လူ့အခွင့်အရေးချိုးဖောက်မှုများ အဆုံးသတ်စေဖို ကျွန်တော်တိုအထူးတိုက်တွန်းပါတယ်” လို့ဗြိတိသျှသံရုံးအကြီးအကဲကပြောပါတယ်။
ယနေ့ဟာရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူမျိုးများအပေါ် မြန်မာစစ်တပ်က အကြမ်းဖက်စစ်ဆင်ရေး စတင်ဆောင်ရွက်ခဲ့တာ ကိုးနှစ်
မြောက်ဖြစ်ပြီး အဆိုပါဖြစ်ရပ်ကြောင့် အရပ်သား ၇,၀၀၀ ဦး သေဆုံးခဲ့ရကာ ရိုဟင်ဂျာ ၈၀၀,၀၀၀ ခန့်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ အကြီးအကျယ် လူအစုလိုက်အပြုံလိုက် ရွှေ့ပြောင်းထွက်ခွာမှု ဖြစ်ပေါ်ခဲ့တယ်လို့ကနေဒါသံရုံးကဖော်ပြပါတယ် ။
ရိုဟင်ဂျာ ဒုက္ခသည်အရေးအကျပ်အတည်ဟာ ကမ္ဘာပေါ်မှာ ရေရှည်တည်ရှိနေဆဲဖြစ်တဲ့ အကြီးမားဆုံး ဒုက္ခသည်အရေးအကျပ်အ
တည်းတွေထဲ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေတယ်လို့ဆိုပါတယ်။ဒေသတွင်း၌ ရိုဟင်ဂျာ ၁.၃ သန်းကျော် နေရပ်စွန့်ခွာခဲ့ရတဲ့ အခြေအနေဖြစ်ပြီး ၁.၂ သန်းခန့်ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံမှာခိုလှုံ့နေရပါတယ် ။
29
5
1
1
1August 25, 2026 1.7K