People's Spring: post #111650 — TG.ME

အိုးဘိုထောင် အမျိုးသမီးဆောင်မှာ ထမင်းသိုးတွေကျွေးလို့ အစာငတ်ခံဆန္ဒပြမှု ပြေလည်မှုမရသေး

ဩဂုတ်၂၅၊၂၀၂၆။People's Spring

မန္တလေးမြို့က အိုးဘိုအကျဉ်းထောင် အမျိုးသမီးဆောင်မှာ ထမင်းသိုးတွေကြွေးတာကြောင့် ဩဂုတ်၂၀ ရက်က ယာယီဆောင်မှာ နိုင်ငံရေးအကျဉ်းသူတွေ အစာငတ်ခံဆန္ဒပြမှုဖြစ်ခဲ့တယ်လို့ နိုင်ကျဉ်းမိသားစုဝင် တွေကပြောပါတယ်။

အမျိုးသမီး‌‌ယာယီဆောင်မှာ အသိုးနံ့ထွက်နေတဲ့ ထမင်းတွေကျွေးနေပြီး ပြင်ပကလည်း ဝယ်စားခွင့် မပေးတာမို့ ဩဂုတ်၂၀ ရက်က တစ်ဆောင်လုံး အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

"အခုထိလည်း အဆင်မပြေကြဘူးလို့ ပြောပါတယ်။ရေသန့်လည်း သောက်ခွင့်မပေးဘူး။ပျက်နေတဲ့ရေသန့်စက်ကို ပြင်မပေးဘဲ ပိုက်ကလာတဲ့ ရေကိုသောက်ခိုင်းတာ။ဝမ်းလျောတဲ့ သူတွေတော် တော်များတယ်။ဒီအထဲကိုမှ ဝက်စာလိုထမင်းသိုးတွေ ကျွေးနေတာ။အမျိုးသမီးယာယီဆောင်ရဲ့ အခြေအနေက တော်တော်ဆိုးနေတယ်"လို့ ‌‌ နိုင်ကျဉ်းမိသားစုဝင်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဧည့်တွေ့ ကန့်သတ်မှုလည်းပြုလုပ်နေပြီး မူးယစ်နဲ့ တခြားရာဇဝတ်မှုတွေကိုသာ လွတ်လပ်ခွင့်ပေးထားတယ်လို့ ဆိုပါတယ်။

အမျိုးသမီးယာယီဆောင်မှာ အချုပ်သူတွေအပါအဝင် အကျဉ်းသား ၉၀၀နီးပါးရှိပြီး (၃)အဆောင်မှာ ၃၀၀နီးပါးနဲ့ (၄)အဆောင်မှာ ၆၀၀နီးပါးရှိတယ်လို့ သိရပါတယ်။
😢30🤬7❤2👍2👎1🔥1
August 25, 2026 1.8K