“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(သြဂုတ် ၂၅ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️၂၀၂၁ နောက်ပိုင်း ထိုင်းမှာ မြန်မာမိခင်တွေက ကလေးငယ် ၁၃၀,၀၀၀ ကျော် မွေးဖွား
စစ်တပ်အာဏာသိမ်းတဲ့၂၀၂၁ ခုနှစ်နောက်ပိုင်း ထိုင်းနိုင်ငံမှာ မြန်မာမိခင်တွေက မွေးဖွားခဲ့တဲ့ကလေးငယ် ၁၃၀,၀၀၀ ကျော် ရှိလာကြောင်း သိရပါတယ်။ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၁ ရက်အထိ ထိုင်းနိုင်ငံမှာ မြန်မာအမျိုးသမီးတွေက မွေးဖွားတဲ့ ကလေးငယ် ၁၃၁,၈၆၀ ဦး ရှိတယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။ ၂၀၂၁ ခုနှစ်က ထိုင်းမှာ မြန်မာ ကလေးငယ် ၁၈,၉၀၅ ဦး မွေးဖွားခဲ့ပြီး ၂၀၂၂ မှာ ၁၈,၇၂၈ ဦး၊ ၂၀၂၃ မှာ ၂၄,၁၅၄ ဦးနဲ့ ၂၀၂၄ မှာ ၂၅,၀၈၇ ဦး အသီးသီး မွေးဖွားခဲ့တယ်လို့ စာရင်းတွေမှာ ပါရှိပါတယ်။၂၀၂၅ မှာတော့ မြန်မာမိခင်တွေ မွေးဖွားတဲ့အရေအတွက်ဟာ ၂၈,၈၆၉ ဦးထိ မြင့်တက်သွားပြီး မြန်မာမိခင်တွေက ထိုင်းမှာ နှစ်အလိုက် ကလေးမွေးဖွားမှု အများဆုံး ဖြစ်လာပါတယ်။ လက်ရှိ ၂၀၂၆ ခုနှစ်မှာတော့ နှစ်မကုန်သေးပေမယ့် ထိုင်းရောက် မြန်မာ အမျိုးသမီးတွေ မွေးဖွားတဲ့ ကလေးဦးရေက ၁၆,၁၁၇ ယောက် ရှိပြီလို့ ဖော်ပြထားပါတယ်။
◾️ရိုဟင်ဂျာတွေအပေါ် စစ်တပ်ရဲ့ ရက်စက်မှုကျူးလွန်မှု ၉ နှစ်ရှိပြီ
ရိုဟင်ဂျာအပါအဝင် မြန်မာပြည်သူအားလုံး လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုတွေ တရားမျှတမှု ရှိစေရေး ဆက်လက် ကြိုးပမ်းသွားမယ်လို့ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် ရက်စက်မှုကျူးလွန်တာ ၉နှစ်မြောက်အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးအကြီးအကဲ အန်ဒရူးဂျက်ဆန်က ဒီနေ့ ဩဂုတ် ၂၅ရက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဗြိတိန်အစိုးရအနေနဲ့ အစဥ်တစိုက် အခိုင်အမာ ပြောကြားထားတဲ့အတိုင်း မြန်မာနိုင်ငံအတွင်း ဘယ်နေရာမှာမဆို ဖြစ်ပွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ခံမှု၊ တရားမျှတမှု ရှိစေဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အပါအဝင် နိုင်ငံတကာမိတ်ဖက်များနဲ့ပူးပေါင်းကာ ဆက်လက် ကြိုးပမ်းသွားမှာဖြစ်တယ်လို့ အန်ဒရူးဂျက်ဆန်က ပြောပါတယ်။ ရိုဟင်ဂျာအသိုက်အဝန်းများအပါအဝင် မြန်မာပြည်သူအားလုံးရဲ့ အခွင့်အရေးများနဲ့ ဂုဏ်သိက္ခာ မြှင့်တင်ကာကွယ်ရေးအတွက်လည်း ဆက်လက် ကတိကဝတ်ပြု ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သံရုံးအကြီးအကဲက ထည့်သွင်းပြောကြားပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ်မှာ စစ်တပ်က နယ်မြေရှင်းလင်းရေးခေါင်းစဥ်နဲ့ ရိုဟင်ဂျာအသိုက်အဝန်းတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေကျူးလွန်ခဲ့ခြင်းဟာ ကိုးနှစ်ရှိခဲ့ပြီဖြစ်ပေမယ့် ရိုဟင်ဂျာအသိုက်အဝန်းများဟာ ဒီနေ့တိုင် နှိပ်စက်ညှဉ်းပန်းမှု၊ လွတ်လပ်စွာ သွားလာခွင့်နဲ့ အင်တာနက်အသုံးပြုခွင့်တွေအပေါ်ပြင်းထန်တဲ့ ကန့်သတ်မှုများ၊ အတင်းအကျပ် စစ်သားစုဆောင်းမှုနဲ့ ကြီးမားတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေကို ဆက်လက် ရင်ဆိုင်နေကြရဆဲ ဖြစ်တယ်လို့ ဗြိတိန်က ဆိုပါတယ်။ ကနေဒါသံရုံးကလည်း ဒီနေ့က ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူမျိုးများအပေါ် မြန်မာစစ်တပ်က အကြမ်းဖက်စစ်ဆင်ရေး စတင်ဆောင်ရွက်ခဲ့တာ ၉နှစ်မြောက်ဖြစ်ပြီး အဲဒီဖြစ်ရပ်ကြောင့် အရပ်သား ၇,၀၀၀ ဦး သေဆုံးခဲ့ရကာ ရိုဟင်ဂျာ ၈၀၀,၀၀၀ ခန့်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ အကြီးအကျယ် လူအစုလိုက်အပြုံလိုက် ရွှေ့ပြောင်းထွက်ခွာမှု ဖြစ်ပေါ်ခဲ့တယ်လို့ ကနေဒါသံရုံးကဖော်ပြပါတယ်။
◾️KIA တိုက်ခိုက်လို့ စစ်တပ်စစ်ကြောင်း အထိနာ ပိတ်မိနေ
ကချင်ပြည်နယ်ဘက်ကို တက်လာတဲ့ စစ်သင်္ဘောအုပ်စုကို လုံခြုံရေးယူပေးမယ့် စစ်တပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ရွှေကူမြို့နယ် သင်္ဘောအင်းရွာအနီးမှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားတွေ တင်လာတဲ့ စက်လှေ ထိမှန်ပေါက်ကွဲခဲ့သလို မြေပြင်မှာလည်း စစ်ကောင်စီတပ်သားတွေ ကစဉ့်ကလျား ထွက်ပြေးခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်ဟာ ဆုံးရှုံးနယ်မြေတွေ ပြန်ရဖို့အတွက် ကချင်ပြည်နယ်ကို စစ်အင်အားတွေ ထပ်မံ ဖြည့်တင်းလာရာ စစ်သင်္ဘောအုပ်စုဟာ ဒီနေ့ ဩဂုတ် ၂၅ရက်မှာ စစ်ကိုင်းတိုင်း ထီးချိုင့်နယ်ကနေ အထက်ဘက်ကို ဆန်တက်သွားပြီဖြစ်ပါတယ်။ အဲဒီ စစ်ကောင်စီ သင်္ဘောအုပ်စု လုံခြုံရေးအတွက် စစ်သားတွေက ဧရာ၀တီမြစ် အနောက်ဘက်ကမ်းဘက် ထိုးလာရာ စစ်လှေကမ်းကပ်နေစဉ်မှာ တိုက်ခိုက်ခံရခဲ့တာလို့ ဆိုပါတယ်။ စစ်တပ်စစ်ကြောင်းဟာ သြဂုတ် ၂၄ရက် မနေ့က ဧရာဝတီမြစ်အနောက်ဘက်ကမ်းကို စက်လှေနဲ့ ကူးလာစဉ် ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရသေးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အင်အား ၁၀၀ ခန့်ပါ စစ်တပ်စစ်ကြောင်းကလည်း မြစ်ကမ်းကနေ နောက်ဆုတ်လည်းမရ၊ ရှေ့တက်လည်းမရနဲ့ ဝိုင်းပတ်ပိတ်ဆို့ခံနေရတဲ့ သဘောဖြစ်တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
◾️ဆောနယ် စစ်ဆင်ရေးအတွင်း စစ်တပ်ဆီက လက်နက်ခဲယမ်းတွေ သိမ်းရ
12
6
1
1
1August 25, 2026 842