People's Spring: post #111644 — TG.ME

၂၀၂၁ နောက်ပိုင်း ထိုင်းမှာ မြန်မာမိခင်တွေက မွေးဖွားတဲ့ ကလေး ၁၃၀,၀၀၀ ကျော်ရှိ

သြဂုတ်-၂၅၊၂၀၂၆။People's Spring

၂၀၂၁ ကစလို့ ထိုင်းနိုင်ငံမှာ မြန်မာမိခင်တွေက မွေးဖွားခဲ့တဲ့ကလေးငယ် ၁၃၀,၀၀၀ ကျော် ရှိလာကြောင်း သိရပါတယ်။

၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၁ ရက်နေ့ထိ ကာလအတောအတွင်း ထိုင်းနိုင်ငံမှာ မြန်မာ အမျိုးသမီးတွေက မွေးဖွားတဲ့ ကလေးငယ် ၁၃၁,၈၆၀ ဦး ရှိတယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ်တုန်းက ထိုင်းမှာ မြန်မာ ကလေးငယ် ၁၈၉၀၅ ဦး မွေးဖွားခဲ့ပြီး ၂၀၂၂ မှာ ၁၈၇၂၈ ဦး၊ ၂၀၂၃ မှာ ၂၄၁၅၄ ဦးနဲ့ ၂၀၂၄ မှာ ၂၅၀၈၇ ဦး အသီးသီး မွေးဖွားခဲ့တယ်လို့ စာရင်းတွေမှာ ပါရှိပါတယ်။

၂၀၂၅ မှာတော့ အဲဒီ အရေအတွက်ဟာ ၂၈,၈၆၉ ဦးထိ မြင့်တက်သွားပြီး မြန်မာမိခင်တွေက ထိုင်းမှာ နှစ်အလိုက် ကလေးမွေးဖွားမှု အများဆုံး ဖြစ်လာပါတယ်။ လက်ရှိ ၂၀၂၆ ခုနှစ်မှာတော့ နှစ်မကုန်သေးပေမယ့် ထိုင်းရောက် မြန်မာ အမျိုးသမီးတွေ မွေးဖွားတဲ့ ကလေးဦးရေက ၁၆,၁၁၇ ယောက် ရှိပြီလို့​ဖော်ပြထားပါတယ် ။

အဲဒီ စာရင်းအင်း ကိန်းဂဏန်းတွေဟာ မိခင်တွေရဲ့ နိုင်ငံသားဖြစ်မှုအပေါ်မှာပဲ အခြေခံ ပြုစုထားတာဖြစ်ပြီးထိုင်းမှာမွေးဖွားတဲ့ က
လေးတွေရဲ့ နိုင်ငံသားဖြစ်ခွင့်နဲ့ တခြားကိစ္စတွေအပေါ် သက်ရောက်မှု ရှိစေမှာ မဟုတ်ကြောင်း သိရပါတယ်။

ကိုးကား-Thaiger
❤17👍11😱1🤮1
August 25, 2026 1.8K 3