People's Spring: post #111642 — TG.ME

စားရင် စားနိုင်ပါတယ်” ဆိုတဲ့စကားဟာ အချို့အခြေအနေတွေမှာ မှန်နိုင်ပါတယ်။ ဒါပေမယ့် လူတိုင်းအတွက် မမှန်ပါဘူး။ အလုပ်ရှိပေမယ့် လစာနဲ့ မလုံလောက်တာ၊အလုပ်လုပ်ချင်ပေမယ့် အလုပ်မရှိတာ၊ လုပ်ငန်းရှိပေမယ့် ကုန်ကျစရိတ်နဲ့ ရောင်းဈေး မမျှနိုင်တာ၊လယ်သမားဖြစ်ပေမယ့် ထုတ်လုပ်စရိတ်၊ သယ်ယူပို့ဆောင်စရိတ်၊ ဈေးကွက်အခြေအ
နေတွေကြောင့်အမြတ်မကျန်နိုင်တာ။ စီးပွား
ရေးစနစ်၊ နိုင်ငံရေးအခြေအနေ၊အလုပ်အ
ကိုင်ဈေးကွက်နဲ့ လူမှုကာကွယ်စောင့်ရှောက်မှုစနစ်တွေ အားလုံးပေါင်းစပ်ပြီး ဖြစ်ပေါ်လာတဲ့ ပြဿနာတစ်ခုပါ။

အရင်ခေတ်က ဘဲဥတခြမ်းကို ပြန်ပြောတဲ့အခါ ရယ်နိုင်ခဲ့ကြတဲ့ အချိန်တွေရှိခဲ့ပါတယ်။ “အဲဒီတုန်းက ဆင်းရဲလိုက်တာ” လို့ ပြောနိုင်ခဲ့ပါသေးတယ်။ဒါပေမယ့်ဒီနေ့မှာတော့ ကလေးတစ်ယောက်ရဲ့ မနက်စာပန်းကန်ကိုကြည့်ပြီး နောက်နှစ် ၂၀၊ ၃၀ ကြာတဲ့အခါ သူတို့လည်း “အဲဒီတုန်းက မနက်စာတောင် မစားနိုင်ဘူး” လို့ ပြန်ပြောရမယ့်အခြေအနေ ဖြစ်သွားတော့မှာကို အလွန် စိုးရိမ်ကောင်းပါတယ်။ ဘဲဥတခြမ်းဟာ အတိတ်ရဲ့ ရယ်စရာအမှတ်တရပဲ ဖြစ်သင့်တာပါ။ အနာဂတ်ရဲ့ စားပွဲပေါ်မှာတော့ ဘဲဥတစ်လုံးကို မိသားစုတစ်စုလုံး ခွဲစားရမယ့်အစား လူတစ်ယောက်ချင်းစီ လုံလုံလောက်လောက် စားနိုင်တဲ့နိုင်ငံ ဖြစ်‌စေချင်လှပါတယ်။

ကလေးတစ်ယောက်မနက်စာစားပြီး ကျောင်း
သွားနိုင်ဖို့၊ အလုပ်သမားတစ်ယောက် အလုပ်လုပ်ပြီး မိသားစုကို လုံလောက်အောင် ကျွေးနိုင်ဖို့၊လယ်သမားတစ်ယောက် စိုက်ပျိုးပြီး သူ့မိသားစုကို မငတ်ဘဲ ရပ်တည်နိုင်ဖို့၊ အဘိုးအဘွားတွေက အသက်ကြီးလာတဲ့အခါ သားသမီးတွေအပေါ် အပြည့်အဝမှီခိုစရာမလိုဘဲ ဂုဏ်သိက္ခာရှိရှိ နေနိုင်ဖို့၊ ဒါတွေက လူ့ဂုဏ်သိက္ခာနဲ့ ဆက်စပ်နေတဲ့ အခြေခံအခွင့်အရေးတွေပါ။

အာဏာသိမ်းမှုရဲ့နောက်ဆက်တွဲတွေက ပြည်
သူတစ်ယောက်ရဲ့ မီးဖိုချောင်ထဲ၊ ကလေးတစ်ယောက်ရဲ့ မနက်စာပန်းကန်ထဲ၊ မိသားစုတစ်စုရဲ့ လစဉ်ဝင်ငွေနဲ့ ထွက်ငွေစာရင်းထဲအထိ ရောက်နေပါပြီ။ ဒီအခြေအနေအတိုင်း ရှေ့ဆက်ရမယ်ဆိုရင် “ဘဲဥတခြမ်း” ကို ပြန်လွမ်းစရာတောင် ဖြစ်လာတော့မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ အရင်က ဘဲဥတစ်လုံးကို တစ်ဝက်ခွဲပြီး စားခဲ့ကြပေမယ့် အခုကတော့ ဘဲဥတခြမ်းရှိဖို့တောင်မသေချာတော့တဲ့အ
ခြေအနေ ဖြစ်လာနေလို့ပါပဲ။

အာဏာသိမ်းထားတဲ့ စစ်ကောင်စီအောက်မှာ နိုင်ငံက ဆက်ရှိနေသရွေ့ စီးပွားရေးပြန်လည်နာလန်ထူဖို့၊ အလုပ်အကိုင်တွေ ပြန်ကောင်းလာဖို့၊ ကုန်ဈေးနှုန်းတွေ ပြည်သူတွေရဲ့ ဝင်
ငွေနဲ့ လိုက်လျောညီထွေ ဖြစ်လာဖို့ဆိုတာ ပိုပြီးခက်ခဲနေဦးမှာပါ။မီးဖိုချောင်ထဲက အခက်
အခဲတွေ ပိုပြီး နက်ရှိုင်းလာဦးမှာ။ မနက်စာပျောက်သွားတဲ့ အိမ်တွေကလည်း ဒီထက်ပိုများလာဦးမှာ။ “မငတ်ရုံတမယ်” ဆိုတဲ့ဘဝကို ပုံမှန်ဘဝတစ်ခုလိုနေရမယ့် မိသားစုတွေလည်း အများကြီးဖြစ်လာမှာပါ။

ဘဲဥတခြမ်းဟာ အတိတ်က ဆင်းရဲခြင်းရဲ့ အမှတ်တရပဲ ဖြစ်သင့်ပါတယ်။ ဘဲဥတခြမ်းမျိုးဆက်ရဲ့ သားသမီးမြေးမြစ်တွေအလှည့်မှာ မနက်စာပါပျောက်ကွယ်သွားခြင်းကိုတော့ မြန်မာပြည် ရဲ့ အနာဂတ် မဖြစ်စေချင်တော့ပါ။ ။
😢17🔥8👍3
August 25, 2026 1.6K 2