People's Spring: post #111537 — TG.ME

■​​ဆောင်းပါး

အာဏာသိမ်းပြီးနောက်ဒေါ်လာရှားပါးမှုက ရိုက်ခတ်လာတဲ့ မြန်မာ့ကျန်းမာရေး

-နောင်နောင်​ရေးသားသည်။

ခွေးကိုက်ခံရတာက ကြောက်စရာကောင်းပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံမှာ ခွေးကိုက်ခံရပြီးဆေးရုံရောက်သွားတဲ့အခါလိုအပ်တဲ့ ခွေးရူးကာကွယ်ဆေးကို အချိန်မီ မရနိုင်တာက ပိုပြီး ကြောက်စရာကောင်းလာနေပါတယ်။

မကြာသေးခင်က မိတ်ဆွေတစ်ယောက် ခွေးကိုက်ခံရလို့ ရန်ကုန်ဆေးရုံကြီးကို ခွေးရူးကာ
ကွယ်ဆေး သွားထိုးခဲ့ပါတယ်။ ဆေးရုံရောက်တော့ သူအပါအဝင် လူသုံးယောက်ပဲ ရှိသေးတယ်။ ဆေးတစ်ပုလင်းကို လူငါးယောက်အသုံးပြုဖို့ စောင့်နေရတာကြောင့် နောက်ထပ်လူတွေ လာမလားဆိုပြီး စောင့်ခဲ့ကြပါတယ်။ နောက်ဆုံးလူငါးယောက်မပြည့်ဘဲ လေးယောက်ပဲ ရှိခဲ့တဲ့အတွက် ဆေးမထိုးနိုင်ဘဲ ပြန်လာခဲ့ရပါတယ်။

ပုဂ္ဂလိကဆေးရုံကြီးတွေမှာတော့ဆေးရှိကောင်းရှိနိုင်ပါလိမ့်မယ်။ဒါပေမယ့်အဲဒီဆေး
ရုံတွေဆိုတာ မြန်မာနိုင်ငံမှာရှိတဲ့ လူတိုင်းအ
တွက် မဟုတ်ပါ။ တနေ့စာတနေ့ရုန်းကန်နေကြရတဲ့လူတွေအတွက် မသက်ဆိုင်တဲ့နေရာမျိုးပါပဲ။

ဒီဖြစ်ရပ်ကိုဆေးရုံတစ်ခုရဲ့စီမံခန့်ခွဲမှုအခက်
အခဲတစ်ခုအဖြစ်ပဲ မြင်လိုက်ရင် ပြဿနာရဲ့ အတိမ်အနက်ကိုမြင်တာ မဟုတ်‌သေးပါဘူး။တကယ်တော့ ဒီဖြစ်ရပ်နောက်မှာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ်တစ်ခုလုံးကို ဝင်ရောက်ထိခိုက်နေတဲ့ ပိုကြီးတဲ့ ပြဿနာတစ်ခု ရှိနေပါတယ်။ အာဏာသိမ်းပြီးနောက် နိုင်ငံခြားငွေရှားပါးလာခြင်း၊ ဒေါ်လာကို စစ်အုပ်စုဘက်က ထိန်းချုပ်လာခြင်းနဲ့ သွင်းကုန်လိုင်စင်တွေကို တင်းကြပ်လာခြင်းက ဆေးဝါးရရှိနိုင်ရေး လမ်းကြောင်းကိုပါ တိုက်ရိုက် ရိုက်ခတ်လာတာပါ။

ဒေါ်လာရှားတာက ဘာကြောင့် ဆေးရှားတာနဲ့ ဆက်စပ်သလဲ။ မြန်မာနိုင်ငံရဲ့ ဆေးဝါးဈေး
ကွက်ဟာ ပြည်တွင်းထုတ်လုပ်မှုတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ လက်ရှိ မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ ဆေးဝါးတွေရဲ့ ခန့်မှန်းခြေ ၈၀ ရာခိုင်နှုန်းလောက်ဟာ ပြည်ပကနေ တင်သွင်းရတာဖြစ်တယ်လို့ နောက်ဆုံးထုတ်ပြန်ထားတဲ့ကုန်သွယ်ရေးဆိုင်ရာအချက်အလက်
တွေမှာ ဖော်ပြထားပါတယ်။

ဒေါ်လာမရှိရင်ဆေးတင်သွင်းလို့မရဘူး။ဆေး
တင်သွင်းလို့မရရင်ဆေးရှားမယ်။ ဆေးရှားရင် ဈေးတက်မယ်။ ဈေးတက်ရင် လူနာတွေ ဆေးမဝယ်နိုင်တော့ဘူး။ ဒီလို ရိုးရိုးရှင်းရှင်း ဆက်စပ်နေပါတယ်။အာဏာသိမ်းပြီးနောက် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာတာနဲ့ နိုင်
ငံခြားငွေ ရရှိနိုင်မှု ပြဿနာ ပိုမိုဆိုးရွားလာခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ မြန်မာနိုင်
ငံဆိုင်ရာ ကျန်းမာရေးအခြေအနေ သုံးသပ်ချက်မှာလည်း ၂၀၂၁ ခုနှစ် မေလက တစ်ဒေါ်လာ ကျပ် ၁,၅၀၀ ခန့်ရှိရာက ၂၀၂၄ ခုနှစ် မေလမှာ ပြင်ပဈေးကွက်အရ ကျပ် ၅,၀၀၀ နီးပါးအထိ ကျပ်​ငွေတန်ဖိုးကျဆင်းလာခဲ့တာက နိုင်ငံခြားငွေ ရှားပါးမှုကို ဖြစ်စေပြီး ဆေး
ဝါးနဲ့ အခြေခံလိုအပ်ကုန်ပစ္စည်းတွေအပေါ် သွင်းကုန်ကန့်သတ်မှုတွေ ဖြစ်လာစေခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် ဆေးရှားတာကို “ဆေးကုမ္ပဏီတွေ ဆေးမသွင်းချင်လို့”လို့ မြင်လို့မရပါဘူး။ဆေး
ဝါးတင်သွင်းဖို့လိုတဲ့ ဒေါ်လာကိုရှာမရတာ၊ ရှာ
ရင်တောင် တရားဝင်လမ်းကြောင်းကနေ ရရှိဖို့ ခက်ခဲတာနဲ့ အဲဒီဒေါ်လာသုံးပြီး ဆေးတင်သွင်းဖို့ လိုင်စင်ရယူရတာတွေက အဓိက အတားအဆီးတွေ ဖြစ်လာတာပါ။ ဆေးက ရှိတယ်၊ ဒါပေမယ့် တင်သွင်းလို့မရဘူး ဖြစ်နေတာပါ။ဘာ​ကြောင့်တင်သွင်းလို့ မရတာလဲဆို​တော့ အာဏာသိမ်းထားတဲ့ စစ်အုပ်စုကတားမြစ်ထားတာ​ကြောင့်ပါ။

၂၀၂၂ ခုနှစ်ကတည်းက ဆေးဝါးတင်သွင်းသူတွေဟာ ဒေါ်လာကို ကိုယ်တိုင်ရှာပြီး ဝယ်နိုင်မှ ဆေးဝါးတင်သွင်းခွင့်ရမယ့် စစ်တပ်ထုတ်ပြန်တဲ့ စည်းမျဉ်းတွေကြောင့် အခက်
အခဲတွေ ကြုံခဲ့ရကြောင်း သတင်းမှတ်တမ်းတွေ ရှိပါတယ်။ အဲဒီအချိန်မှာကိုပဲ သွေးတိုး၊ နှလုံး၊ ဆီးချိုနဲ့ အခြားရောဂါတွေ အတွက် အသုံးပြုတဲ့ ဆေးတွေ ရန်ကုန်ဈေးကွက်မှာ
မရတော့တာတွေ ဖြစ်လာခဲ့ပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ဆေးဝါးရရှိနိုင်မှုဆိုင်ရာ လေ့
လာချက်ကလည်း၂၀၂၁နောက်ပိုင်း စည်း
မျဉ်းပြောင်းလဲမှု တွေကြောင့် ဆေးတချို့ ပိုမိုရှားပါးလာပြီး တင်သွင်းခွင့်လျှောက်ထားရတဲ့အချိန် ကြာမြင့်လာခြင်း၊ အကောက်ခွန်ရှင်းလင်းမှု နှောင့်နှေးခြင်းနဲ့ ဆေးဝါးတင်သွင်းမှုအပေါ် ကန့်သတ်ချက်တွေကြောင့် ဆေးဝါးရရှိနိုင်ရေး လမ်းကြောင်း ထိခိုက်လာတယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၄ မှာတော့ ဆေးတင်သွင်းခွင့်ကို ပိုပြီး တင်းကြပ်လာပါတယ်။ ဒီနေရာမှာ အာဏာ
သိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ နိုင်ငံခြားငွေပြဿနာနဲ့ ဆေးပြတ်လပ်မှုကြားက ဆက်စပ်မှုကို ပိုပြီး ထင်ရှားစေတဲ့ ဖြစ်ရပ်တစ်ခု ရှိပါတယ်။ ၂၀၂၄ စက်တင်ဘာမှာ ဆေးဝါးတင်သွင်းသူတွေဟာဆေးတင်သွင်းခွင့်ရဖို့ ပြည်ပတင်ပို့မှုကနေ ရရှိထားတဲ့ နိုင်ငံခြားငွေရှိကြောင်း ပြသရမယ့် စည်းမျဉ်းအသစ် ထွက်လာပါတယ်။အဲဒီအချိန်မှာဆေးဝါးတင်သွင်း
ခွင့် ၇၁၆ ခု၊ ကုမ္ပဏီ ၁၁၆ ခု၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၀၃ ဒသမ ၈၂၂ သန်းဖိုးရှိတဲ့ တင်သွင်းခွင့်ပြုချက်တွေကို ပယ်ဖျက်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။
❤18🤬7🔥5🤣1
August 23, 2026 2K 3